Part 13

711 93 2
                                    

Jinထ မထိုးရုံတမည် စိတ်ဆိုးသွားပြီး
Jin:"ဟေ့ကောင်...."ဟုသာပြောနိုင်တော့သည်။

Jungkook:"အခုမလုပ်တော့ပါဘူး။လာ.....ဆက်လုပ်ရအောင် ကျနော်တို့ တစ်ပတ်ပဲအချိန်ရတော့တယ်။"

ပြီးစလွယ်ပြောလိုက်သော Jungkookကိုထိုးရန် ထလာသောJinကို မြင်လိုက်သောအခါ မထနိုင်အောင် Jinခေါင်းကိုလက်မောင်းဖြင့် ညှပ်ထားရင်း
Jungkook:"Hyungပြော...ဆိုလို့ပြောပြတာနော်။Hyungလည်း အဒေါ်တွေကိုသည်လိုပဲ လုပ်တာမဟုတ်လား။

လက်မောင်းကို ရိုက်ရင်း
Jin:"လွှတ်...ငါအသက်ရှုလို့မရတော့ဘူး။"

Jungkook:"ကျနော့်ကို မထိုးဘူးလို့ ကတိပေး။"

Jin:"မပေးဘူးကွာ..."

ပြောပြီးသည်နှင့် ဗိုက်ကိုအားကုန်ထိုးလိုက်ရာ သူ၏လည်ပင်းကို လက်မောင်းဖြင့် ညှစ်ခံထားသောကြောင့် နှစ်ယောက်စလုံး လဲကျသွားလေသည်။လဲကျနေသော Jungkookကို ပက်လက်အနေအထားနှင့်ပင် တစ်ချက်ကန်လိုက်ရသည့်အတွက် ကျေနပ်သွားလေသည်။

ဗိုက်ကိုနှိပ်ရင်း သူ့ကိုမျက်လုံးအပေါ်လှန်ကာ စိတ်ဆိုးနေတုန်းလားဟု ခိုးကြည့်ရင်း ချစ်စဖွယ်ရယ်လိုက်သော Jungkookကြောင့် မ‌သင့်တော်ဟု သူယူဆထားသောအတွေးများကို ခဏမေ့ထားပြီး ရင်ခွင်ထဲတွင်ထား၍ ဖက်နမ်းချင်စိတ်များဖြစ်လာသဖြင့် အကြည့်လွှဲလိုက်ရသည်။

......... ငါတော့မှားတော့မှာပဲ......
စိတ်ထဲတွင်တွေးရင်း သက်ပြင်းချမိသွားသည်။

Jungkook၏ရယ်သံလေးကြောင့်ပင်ကြမ်းပြင်ပေါ်တွင် နှစ်ယောက်သားလှဲရင်းအားရပါးရ ရယ်မိလိုက်ကြသည်။
အရင်ထ၍ Jungkookကိုထူလိုက်ပြီး

Jin:"ထ!.. နေ့လည်က မင်းလုပ်ထားတဲ့ဖိုင် ငါ့ကိုပေး။"

သူ့လက်ထဲရှိ Jungkookလက်များသည် နွေးထွေးလွန်းလှသည်။

Say Yes(complete)Where stories live. Discover now