JungkookရောNamjoonပါ မျက်လုံးပြုးသွားကြရင်း Jinကိုလှမ်းကြည့်ကြသည်။Jin:"ဒီမှာကြည့်.....လွန်ခဲ့တဲ့ ၄နှစ်ကျော်လောက်က Mr.Parkက သူ့ချစ်သူအတွက် အိမ်ဝယ်ပေးဖို့ငွေလိုတော့ ငါ့ကိုအကူအညီလှမ်းတောင်းတုန်းက ငါငွေလှမ်းပို့ပေးလိုက်ရတဲ့အကောင့်ရဲ့ မှတ်ပုံတင်နံပါတ်နဲ့အတူတူပဲ။"
Jungkook:"ဒါပေမယ့် ခြေရာခံလို့မရအောင် ဖြတ်ပစ်လိုက်လို့ရတယ်မဟုတ်လား။
Jinစာအုပ်အဟောင်းကို ပုတ်ပြလိုက်ရင်းJin:"ငါက အရာရာတိုင်းကို စာအုပ်နဲ့မှတ်တတ်တယ်ဆိုတာ Mr.parkရဲ့ချစ်သူက မေ့သွားပုံပေါ်တယ်။"
သူတို့အားလုံးသက်ပြင်းရှည်ချရင်း
computerပေါ်သို့လှမ်းကြည့်လိုက်ကြသည်။**********************************
မနက် CCS companyJinနှင့်Jungkookတို့နှစ်ယောက်စလုံး Namjoonကိုအဖော်ပြုရင်း CCSတွင်သာအိပ်လိုက်ကြသည်။
ရုံးခန်း၏ဘေစင်တွင် မျက်နှာသစ်နေစဉ်
ဆံပင်များဖရိုဖရဲဖြင့် အိပ်ချင်မူးတူးထလာသောJungkookကိုကြည့်ရင်း ပါးလေးများကို ဖက်နမ်းပြီးကိုက်ဆွဲချင်စိတ်တို့ဖြစ်လာသော်လည်း
Jin:"ဒါဘယ်နှစ်ချောင်းလဲ။"မျက်နှာရှေ့ လက်ညှိုးနှစ်ချောင်းထောင်ပြရင်းမေးလိုက်သော Jinကိုကိုယ်လုံးဖြင့် တွန်းပြီး ဘေစင်ရှေ့နေရာယူလိုက်သည်။
Jungkook:"သွားပွတ်တံပေး..."Jin:"ငါ့ဟာလေ..."
စကားပြန်မပြောဘဲ မျက်စိကိုမှိတ်ထားရင်း လက်ကိုအရှေ့ကိုအတင်းထိုး၍
Jungkook:"ပေး...."Jin:"ငါတိုက်ပြီးသားကြီး..ပြီးတော့လည်းစိုနေတယ်။"
Jungkook:"ဘာဖြစ်လဲ။ဟိုနေ့က နမ်းတုန်းက Hyung ပါးစပ်ထဲကို ကျနော်...."
စကားမပြောနိုင်အောင် ပါးစပ်ကိုလက်တစ်ဖက်ဖြင့်အတင်းပိတ်၍ ကျန်တစ်ဖက်လက်ကကွေးပြီး လည်ပင်းကိုအနောက်မှသိုင်းညှပ်ထားရင်း အံကြိတ်ပြီး Jungkookသာ ကြားနိုင်အောင်ခပ်တိုးတိုးဖြင့်
Jin:"တိုးတိုးနေပါဆို..."
လည်ပင်းအစ်နေသဖြင့် ချောင်းတဟွတ်ဟွတ်ဆိုးရင်း Jinကိုလှမ်းရိုက်လေသည်။ရိုက်နေသောလက်ကိုရှောင်ထွက်လိုက်ပြီး ခပ်ဝေးဝေးမှ လျှာထုတ်ပြနေသောJinကို လက်သီးဆုတ်ပြရင်း ပေးထားခဲ့သော သွားပွတ်တံဖြင့် သွားတိုက်ရန်ပြင်လိုက်သည်။
Jungkookမျက်နှာပေါ်က ဖုံးကွယ်၍မရသော ပြုံးရိပ်တို့ကား အရှေ့မှန်ထဲတွင် ပေါ်နေသည်ကို Jin အတိုင်းသားမြင်နေရသည်။
သွားတိုက်မျက်နှာသစ်နေသော Jungkookကိုထားခဲ့ပြီး မနက်စာစားနေသောNamjoonအနားတွင်ထိုင်ရင်း
Jin:"Yoongiတို့က ဘယ်တော့မှလာမှာလဲ။Namjoon:"ဟိုမှာကျန်နေတဲ့စက်တွေထဲက ပရိုဂရမ်တွေကို ကျနော်တို့ဘက်ကိုပြောင်းပေးပြီး ဟိုကစက်တွေကို ဗိုင်းရတ်ထည့်ပြီးတော့ ဖိုင်တွေအကုန်ဖျက်ဆီးပြီးမှ"
မျက်နှာသစ်ပြီးဝင်လာသောJungkookက သူတို့ဘေးတွင်ထိုင်ရင်း
Jungkook:"Yoongi Hyungက ဆရာကြီး အခုတောင်ဟိုနှစ်ယောက်ကို သင်နေလို့ကြာနေတာ။ကျနော်တို့စတော့မလား။မနက်စာကိုခပ်မြန်မြန်စားရင်း လုပ်ငန်းစကြတော့သည်။
Jin:"ညကျရင် အဖေတို့ကိုသတိပေးဖို့ အိမ်ပြန်ပြီး အိပ်မယ်။"
Jungkook:"ကျနော်လည်းလိုက်မယ်။"
Jin:"မင်းမှာအိမ်မရှိဘူးလား။"
မျက်လုံးကိုထောင့်ကပ်ပြီး စဉ်းစားသလိုလုပ်၍ ခေါင်းခါပြလေသည်။Jungkook.....မင်းတော့ ဒုက္ခရောက်တော့မယ်ဟုတွေးရင်း သူ့နှုတ်ခမ်းကိုသာ သူကိုက်ထားရသည်။