မတ်လ၁ရက်နေ့
သူတို့အားလုံးအစွမ်းကုန် ကြိုးစားပြင်ဆင်ခဲ့ရသော ဆိုင်ဘာတိုက်ပွဲစရန် Jinတို့အားလုံးအသင့်အနေအထားဖြင့် မီးနီလေးကိုစောင့်နေကြသည်။Jin:"ဒီရက် လာမယ်ဆိုတာEliteကဘယ်လိုသိလဲ။"
Jimin:"မသိဘူးလေ။သူက တစ်ယောက်တည်းလှုပ်ရှားပြီး အရေးကြီးမှ အဖွဲ့ကိုခေါ်တယ် ပြောတာပဲ။"
အာလုံးစကားမပြောဘဲစောင့်နေကြသည်။
Hackerနောက်ကိုလိုက်၍ ဖော်ကြရမည့် Jinနှင့်Namjoonတို့က တစ်ဖက်၊သူတို့နှစ်ယောက်ဘေးတွင် ရှာပေးထားသော ကုဒ်ဖြေရန် Jiminကအသင့်စောင့်နေရသည်။သူတို့အပြင် Jungkookနှင့်Yoongiတို့ကလည်း မျက်လုံးကို screenပေါ်မှမခွာပဲ ထိုင်ဆောင်နေသည်။သူတို့ဘေးတွင်ကားTaehyung လက်ဆစ်များကို အသံမြည်အောင်ချိုးရင်းစောင့်နေသည်။
Hackerနောက်သို့လိုက်မည့် Jinတို့အဖွဲ့နှင့် ကာကွယ်ရင်း ပြုပြင်ကြရမည့် Jungkookတို့ အဖွဲ့နှစ်ခုကြားတွင် စိတ်လှုပ်ရှားစွာဖြင့် Hobiတစ်ယောက်ထိုင်ကြည့်နေသည်။
ထိုနောက်မီးနီပြလာသည်နှင့် သူတို့လုပ်ငန်းစရတော့သည်။
***********
ည
Namjoon:"ဒီတစ်ခေါက် ငါတို့ပိတ်လိုက်နိုင်ပေမယ့် နောက်တစ်ခေါက်မလွယ်ဘူး။"Yoongi:"သူတို့ရထားတဲ့ serverကတော်တော် မြန်တယ်။"
Namjoon:"ကျနော်တို့ အသင့်ပြင်ထားမှ တရုတ်ဘက်နဲ့ သွားပေါင်းမိရင် မလွယ်ဘူး။
Jungkook:"ကျနော်တို့ အရင်ကလိုလုပ်ကြတာပေါ့။"၃ယောက်သား မျက်လုံးခြင်းဆုံ၍ ခေါင်းငြိမ့်ပြလိုက်သောအခါ ဘာမှန်းနားမလည်လိုက်သော Jinတို့၃ယောက်က
Taehyung:"ဘာလုပ်တာလဲ အရင်တစ်ခေါက်က။"Jungkook:"သူတို့ရဲ့ serverကို ငါတို့ကအရင် hackမှာ။သူတို့ရဲ့ကွန်ယက်ကို ငါတို့သုံးနေမှန်း မသိအောင် ခိုးဝင်ထားမှာ။"
Taehyung:"ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလိုပေါ့။"
ခေါင်းငြိမ့်ရင်း
Namjoon:"အဲ့သည်လိုပြောလို့ရတယ်။ဘယ်သူတွေ သွားမှာလဲ။"Jiminနှင့် Taehyungကတစ်ပြိုင်နက်ပင်
"""ဘယ်ကိုသွားမှာလဲ"""Namjoon:"မင်းတို့ ဒီကနေလှမ်းလုပ်ဖို့ ကြံနေတာလား။