Jin နေ့စဉ်လုပ်နေကြအလုပ်များကိုပစ်၍ မိုးလင်းကနေမိုးချုပ်တဲ့အချိန်အထိ အခန်းတွင်းအောင်းနေသည်မှာ ကြာနေပြီဖြစ်သောကြောင့် အမေဖြစ်သူက"Seokjin!....နင်ထွက်လာမလား။ငါတံခါးရိုက်ချိုးပြီး ဝင်လာရမလား။"
"အမေ..ရော့...သော့။"
ညီမကောင်းပီသစွာပင် Jinအထုခံရစေရန် အခန်းသော့ကို အပင်ပန်းခံရှာဖွေရင်း အမေ့လက်ထဲသို့ထည့်လိုက်သော Jiwooကြောင့်တစ်အိမ်သားလုံး အခန်းထဲဝင်လာကြသည်။
"နံဆော်နေတာပဲ..။"
"မင်း ဒီလိုမဖြစ်တာ ကြာပြီ။ ကျောင်းပြီးပြီးတော့ ဟိုကိစ္စဖြစ်ပြီးကတည်းကပဲ။ဘယ်သူ....."
Jin၏ဖခင်စကားဆက်ပြောနိုင်ရန် မျက်စောင်းထိုးရင်း တံတောင်ဖြင့်ထိုးလိုက်သောမိခင်က တပျစ်တောက်တောက်နှင့်ပြောဆိုပြီး စားလက်စစားစရာများဖြင့် ပြည့်နေသော အခန်းကို Jiwooနှင့်ရှင်းပေးနေစဉ် ဖခင်ဖြစ်သူကား Jin၏laptopကို နားမလည်ဘဲနှင့် အနောက်မှနေ၍ မတ်တပ်ရပ်ကြည့်နေသည်။
:"အလုပ်မသွားဘဲ ဘာလုပ်နေတာလဲ။"
"ထမင်းစားရအောင်ထွက်ခဲ့။အရည်မရ အဖက်မရတွေ...."
"အမေ သူ့အောက်ခံဘောင်းဘီတွေ Jiwooမကိုင်ချင်ဘူးနော်။"
တစ်ယောက်တစ်ပေါက်ဖြင့် အခန်းအတွင်းဆူညံပွတ်လောရိုက်နေသည်ကို လှစ်လျှူရှုထားသောသူ့ကို စိတ်ရှည်ပုံမရတဲ့အဖေက ဂုတ်မှဆွဲမ၍ ထမင်းစားပွဲကို ခေါ်သွားလေသည်။
Jinသက်ပြင်းချရင်း ၁နာရီလောက်တော့ အဆူခံရနိုင်ကြောင်းကို သူ့ကိုဂုတ်မှကိုင်၍ ဆွဲခေါ်သွားခံနေစဉ် တွေးမိလိုက်သည်။
သူသိချင်သော လူတစ်ချို့၏ ကိုယ်ရေးကိုယ်တာအကြောင်းအရာကို ရှာဖွေလေ့ရှိပြီး ယခုကဲ့သို့ လုပ်ငန်းအကြီးစားများကို hackingမလုပ်သည်မှာ ၄နှစ်ပင်ပြည့်တော့မည်ဖြစ်သဖြင့် တိုးတက်လာသော နည်းပညာတို့က သူ့ကိုအနည်းငယ်နှောင့်နှေးစေသည်။
အဆိုပါcompany၏ serverကို ဖောက်ဝင်ရန် အများဆုံး၃ရက်သာ အချိန်ယူဖို့ လိုအပ်သည်ဟု ထင်သော်လည်း ၅ရက်ကြာသည်အထိ ထူးမခြားနားသေးပေ။