Part 2

1.5K 135 2
                                    

, Kimနေအိမ်

တစ်နှစ်တစ်ခါ ဆွေမျိုးများတွေ့ဆုံလေ့ရှိကြပြီး Jin၏အဖိုးအဖွားတို့ကို လာရောက်ဂါရဝပြုကြသည်။

တစ်နှစ်ပတ်လုံး ကြုံတွေ့ရသော အဖြစ်အပျက်တို့ကို အချင်းချင်းဖလှယ်ကြ ဆွေးနွေးကြသော အလေ့အထကား Jin၏တစ်သက်ပင်ဖြစ်သည်။

မိဘများနှင့်အတူ သားသမီးများပါ လိုက်လာကြသည့်အတွက် Jinတို့၏အိမ်တွင် အုန်းအုန်းထနေသည်။
ညက ဆွေမျိုးများနှင့်အတူ စုံကြမည်ဖြစ်၍ laptopနှင့်အချိန်မကုန်စေရ၊အခန်းမအောင်းရအောင် မိခင်ဖြစ်သူက ဆုံးမထားသဖြင့် Jinဧည့်ခန်းတွင် ငြိမ်ငြိမ်လေးထိုင်နေသည်။
သူစိတ်ရှုပ်နေမှန်း မည်သူမှမရိပ်မိနိုင်သော်လည်း နှုတ်ခမ်းတို့ကား ခပ်တင်းတင်းစေ့ထားဆဲ။

ဒေါ်လေး:"ဒီနှစ်တော့ ငါတို့စပျစ်ခြံက ထင်သလောက် မဖြစ်ထွန်းဘူး။အမြတ်ငွေစာရင်းကို emailနဲ့ပို့ထားတယ်နော်..... ခဲအို။"

Mr.Kim:"ညရောက်ရင် စစ်လိုက်ပါ့မယ်။ဘာမှစိတ်မပူပါနဲ့။ကျနော်ရှိတာပဲ။"

ဒေါ်လေး:"ဟုတ်ကဲ့ပါ။ထင်သလောက်မရတော့လေ.....ကျမက အားနာနေတာ။"

ဒေါ်လေးက ပြောပြောဆိုဆိုနှင့် Jinတို့၏ခြံထွက် မက်မွန်သီးကို ကောက်ဝါးရင်း
ဒေါ်လေး:"အိုး...မမရေ ဒါလေးပြန်ရင် အိမ်ဖို့ တင်ပေးလိုက်ဦးနော်..ဒီနှစ်အသီးတွေက ချိုချက်ပဲ.."

Jin၏ဖခင်သည် သူပိုင်ဆိုင်သော သစ်သီးခြံများအထဲမှ စပျစ်ခြံနှင့် ပန်းသီးခြံများကို Jinမိခင်၏ညီမနှစ်ယောက်တို့ကို လုပ်ကိုင်နိုင်ရန် ခွဲဝေပေးထားသည်။
သူတို့တာဝန်ယူထားရသော ခြံထွက်သီးနှံတို့ အထွက်နည်းပြီး အမြတ်အစွန်းထင်သလောက်မရကြောင်း ငြီးတွားနေသည်ကို Jinက ဆိုဖာပေါ်မှီရင်း ပြုံးပြီးကြည့်နေလိုက်သည်။

အမှန်ဆိုလျှင် အရင်ကထက် ပို၍အထွက်ကောင်းခဲ့ပြီး လွန်ခဲ့သောတစ်ပတ်တွင်မှ ဇိမ်ခံကားအသစ်တစ်စီးကို ဝယ်လိုက်သော ဒေါ်လေးနှင့် နောက်ထပ်ခြံသစ်တိုးချဲ့လိုက်သော အဒေါ်လတ်တို့အကြောင်းJinမသိသည်မဟုတ်။

ဘယ်လောက်အထိလူတွေ လှည့်ဖျားနိုင်သည်ကို ထိုင်ကြည့်နေချင်၍ဖြစ်သည်။

Say Yes(complete)Where stories live. Discover now