1

18.3K 650 58
                                    

ကာစီနိုအကြီးစားကြီးရဲ့ဖဲဝိုင်းတစ်ခုမှာ
ဆိုးလ်မြို့တော်ဝန်ရဲ့သမီးဖြစ်သူ
လာလီဆာမာနိုဘန်လည်းရှိလို့နေသည်

"လီဆာ နင်အကုန်အောမလို့လား"

"ဘာဖြစ်လို့လဲဘမ် နင်ကငါ့မယုံဘူးလား"

ပါလာသမျှငွေတွေကုန်လုနီးပါးဖြစ်နေတဲ့အထဲ
လက်ထဲကျန်တဲ့ငွေအကုန်ကိုလောင်းကြေးအဖြစ်
အောမယ်ဆိုတော့ သူငယ်ချင်းဖြစ်သူဘမ်က
တားလိုက်ခြင်းဖြစ်သည်

"အဲ့လောက်ထိမလုပ်နဲ့နော်လီဆာ"

လီဆာ့လက်ထဲကအပြားလေးတွေကို
ဘမ်ကဆွဲယူလိုက်တယ်

"ဘမ်ပြန်ပေးမဟုတ်ရင်ငါ့အကြောင်းသိတယ်နော်"

ငယ်ငယ်တည်းကလည်ပင်းဖက်ပေါင်းလာကြတဲ့
သူငယ်ချင်းအရင်းကြီးတွေဖြစ်တာကြောင့်
သိပ်လည်းချစ်ကြသလိုအတွင်းသိအဆင်းသိတွေ

ဘမ်ဟာလီဆာ့အားငယ်ငယ်ကတည်းက
သိပ်ကြောက်တာ သူ့စကားကိုငြင်းဖို့မရဲခဲ့ဘူး။

"ပြီးရောဟာရော့ဖြစ်ချင်ရာဖြစ်"

"ဒီလိုမှပေါ့"

လီဆာရှိသမျှအားလုံးအောပြီးတဲ့နောက်
ဖဲချပ်လေးတွေတရစပ်သူ့ဆီရောက်လာတယ်

ဝိုင်းမှာကစားနေကြတဲ့အိမ်ကလည်း
ရှစ်အိမ်လောက်ရှိတဲ့အတွက်ကြောင့်
အားလုံးဟာကိုယ့်ဖဲကိုကြည့်လိုက်
တခြားကစားသူတွေကိုအကဲခတ်လိုက်နဲ့
အလုပ်ကိုယ်စီရှုပ်နေကြတယ်

လီဆာကစားနေတဲ့ဝိုင်းဟာ
ကာစီနိုကကြေးအမြင့်ဆုံးဝိုင်းဖြစ်ပြီး
လုံးဝပရိုဖဲသမားတွေပဲဆော့ကြတာဖြစ်တယ်

"ရက်စ်!!ဘမ်နင်တွေ့လားငါတို့နိုင်သွားပြီ
လုံးဝအပြတ်အသတ်ကိုနိုင်သွားတာဟားဟား"

ကံတရားကလီဆာ့ဘက်ပဲရှိတယ်ပြောရမလား
ဒီတစ်ခါတော့သူနိုင်သွားလေသည်

"လီဆာ့တို့ကတော့မိုက်တယ်ဟေ့
ရှုံးထားသမျှပြန်ရပြီပေါ့ဟုတ်လား"

"စောက်ပါးစပ်ကိုပိတ်ထားဂျော့ရှ်
ငါ့ကိုအရှုံးဆိုတဲ့စကားလာမပြောနဲ့
ငါ့ဘဝမှာအရှုံးဆိုတာမရှိဘူး"

အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)Where stories live. Discover now