(Unicode)
မဒမ်နဲ့အဲ့လူနဲ့အတူရှိနေရင်
အရိုးထဲကနေကိုစိမ့်နေအောင်နာကျင်ရတာ
အဲ့တာကြောင့်လည်းတမင်ကို
မဒမ့်ကိုအဲ့လူနားကခေါ်ထုတ်လာတာ
တော်ပါသေးတယ်လီဆာထင်နေခဲ့တာ
မဒမ်ကအဲ့လူကိုရွေးမယ်လို့လေ
ကံကောင်းစွာပဲမဒမ်ရွေးချယ်လိုက်တာလီဆာ
မဒမ့်ကြောင့်ဒီနေ့ကားပြိုင်ဖို့လည်း
ပျက်သွားပါပြီ.....
ဘမ်နဲ့အန်နာကို
နောက်နေ့မှတောင်းပန်တော့မယ်
သူတို့ဖုန်းဆက်မှာစိုးလို့တောင်
လီဆာဖုန်းပိတ်ထားသေး
"မဒမ်ဆင်းလို့ရပြီဗျ"
ခပ်ပြုံးပြုံးဆိုလာတဲ့လီဆာဟာ
ဘာမှဖြစ်တဲ့ပုံလည်းမပေါ်
ဂျန်းနီကတော့စိတ်ရှုပ်နေမိတယ်
ရှက်သလိုလိုကြောက်သလိုလိုဖြစ်နေတာ
သူနဲ့ချိန်းထားတာမှမဟုတ်တာ
အရူးလိုခေါင်းငြိမ့်လိုက်တဲ့ကိုယ့်ကိုယ်ကို
အံ့သြလို့မှမဆုံး....
ဒီအဂျစ်ကိုရှက်လွန်းလို့ဘယ်လိုမျက်နှာပြရပါ့
"မဒမ်ဘာတွေတွေးနေတာလဲ
ဆင်းတော့လို့ရောက်ပြီလေ"
အဂျစ်ကောင်စကားကြောင့်
ဘေးဘီဝဲရာကြည့်မိတော့
ကွင်းထီးထိီးကြီးတွေပဲရှိလေတယ်
ဘယ်လိုနေရာမျိုးကိုခေါ်လာတာလဲလူဆိုးရယ်
"တို့မင်းကိုပြောစရာရှိတယ်လီဆာ"
အပြင်ထွက်တော့မယ့်လီဆာတစ်ယောက်
မဒမ့်စကားကြောင့်ခြေထောက်တစ်ဖက်ကို
ကားထဲပြန်ထည့်လိုက်ရတယ်
တံခါးကိုတော့ဖွင့်ပဲထားလိုက်တယ်
"လီလီနားထောင်နေပါတယ်မဒမ်"
"တို့မင်းခေါ်တာကိုလိုက်လာတယ်ဆိုတာ
မင်းပြဿနာရှာမှာစိုးလို့"
"ဘယ်လို!!"
"တို့သာမင်းနဲ့လိုက်မလာရင်
ဂျုံအင်ကိုတစ်ခုခုလုပ်မှာစိုးလို့"
တောက်ခ်!!!
လီဆာ့တောက်ခ်ခေါ်သံကြောင့်
ဂျန်းနီအလန့်တကြားသူ့ကိုကြည့်မိတယ်
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
