14

7.3K 554 28
                                    

(Unicode)

မောင်နဲ့မတွေ့ဖြစ်တာတောင်
သုံးရက်လောက်ရှိနေပြီ

အခုတလောထူးထူးခြားခြား
မောင်ကစာတွေကြိုးစားနေတယ်တဲ့

အတန်းချိန်လည်းပုံမှန်တက်ပြီး
ဆရာရှင်းပြတာကိုသေချာ
အာရုံစိုက်နေပါတယ် နီ တဲ့..

ဒါတွေအားလုံးက နီ့ကြောင့်
သူကြိုးစားနေတာပါလို့လည်းပြောသေး

တကယ့်ကိုချစ်စရာကောင်းတဲ့လူသားလေးပါပဲ

အရမ်းတွေလိမ္မာနေတဲ့ကလေးကို
ဆုချဖို့အတွက်သူ့ကိုကျောင်းသွားကြိုဖို့
အလုပ်တွေကိုအမြန်ပြီးအောင်လုပ်လိုက်တာ
ခပ်သွက်သွက်ပဲအားလုံးပြီးသွားတယ်

"ဂျန်း....."

မိတ်ကပ်လေးပြန်ဖို့နေတုန်း
ဂျုံအင်အသံကြားလို့
အမြန်ရပ်လိုက်ပြီး
မေးရသေးတယ်

"ဘာလာလုပ်တာလဲဂျုံအင်"

"ဂျန်းရယ်ကိုယ့်အပေါ်စိမ်းကားသွားလိုက်တာ"

မျက်နှာမဲ့ကျသွားပြီး
ပြောလာတဲ့ဂျုံအင့်စကားကြောင့်
ဂျန်းလည်းအတတ်နိုင်ဆုံးပြုံးလိုက်ပြီး

"ဂျန်းစိမ်းကားတာမဟုတ်ပါဘူးဂျုံအင်
ရှင်မလာတာလည်းကြာပြီဆိုတော့
ရုတ်တရက်ကြီးရောက်လာတော့
ဘာများပြောစရာရှိလို့လဲလို့လေ"

"ကိုယ်ဂျန်းကိုချစ်ခဲ့တာဆယ်စုနှစ်တစ်ခုထိပါကွာ
ဘာလို့များဟိုတစ်ယောက်ကိုရွေးလိုက်ရတာလဲ"

"ဂျန်းသူ့ကိုချစ်လို့ပေါ့ဂျုံအင်ရယ်"

ပစ္စည်းတွေပြန်စစ်နေရင်း
ဂျန်းခပ်အေးအေးပဲပြန်ဖြေလိုက်တယ်

ဂျုံအင့်က်ိုပြန်ကြည့်တော့
ဂျန်းကိုနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့
ကြည့်နေပြန်တယ်

"ဂျန်းပြောတော့အချစ်ကိုဦးစားမပေးဘူးဆို"

ဂျုံအင့်အသံကိုနားထောင်ကြည့်ရုံနဲ့
သူပေါက်ကွဲနေပြီဆိုတာဂျန်းသိလိုက်ပါတယ်

ဒါပေါ့လေသူလည်းမမှားပါဘူး
တစ်ချိန်ကျသူ့က်ိုပဲမလွဲမသွေ
ရွေးချယ်မယ်ထင်ပြီး
ဒီနေ့ထိအနားမှာရှိနေခဲ့တာလေ

အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)Where stories live. Discover now