(Unicode)
လီ့ခမျာမဒမ်ခွံ့တာတစ်လှည့် အမဂျူယွန်းတစ်လှည့်
ကျွေးသမျှစားနေရတယ်။
စိတ်တောင်ညစ်လာပြီ။
"လီ...မင်းကအသက်ဘယ်လောက်လဲ"
"နှစ်ဆယ့်တစ်ပြည့်တော့မှာ"
"ငယ်ငယ်လေးရှိသေးတာပဲ"
"ဟုတ်တယ်ဂျူယွန်းရဲ့အဲ့ငယ်ငယ်လေးကို
တို့ကအပိုင်သိမ်းထားတာ"
မဒမ်ဟာထိုစကားကို
အနိုင်ရသူအပြုံးကြီးနဲ့ပြောလာခြင်း....
လီတောင်ကြက်သီးထမိတယ်။
"မင်းကိုအမသာအရင်တွေ့ခဲ့ရင်ကောင်းမှာပဲကွာ"
လီ့မျက်နှာအစိတ်အပိုင်းတွေကို
ထိတွေ့နေရင်းအမဂျူယွန်းဟာဆိုနေခဲ့တာကြောင့်
နေရထိုင်ရတောင်ခက်လာသလိုပဲ။
ဂျူယွန်းရောဂျန်းနီရောဟာ
သောက်တာများထားတော့
နှုတ်သွက်လျှာသွက်ပါဖြစ်နေကြတာ....
"ဘေးဂျူယွန်း..အဲ့တာတို့အပိုင်နော်
ယူနဲ့ရန်မဖြစ်ချင်ဘူးကွာ"
အလယ်မှာညှပ်နေတဲ့လီကတော့
နဖူးမှာချွေးစတွေတောင်စို့လို့
"အိုးဟိုး...ဂျန်းရယ်ငါကဒီတိုင်းပြောမိတာပါ။
စိတ်ကလည်းကြီးလိုက်တာကွာ"
"တို့ကမောင့်ကိုအရမ်းချစ်တော့
အရမ်းလည်းအူတိုမိလို့ပေါ့ဟာ"
မဒမ့်ရဲ့ဒီစကားကြောင့်တော့
လီသဘောကျသွားပြီ။
အူတိုနေတဲ့မျက်နှာလေးကလည်း
နှာထိပ်၊နားဖျားတွေရဲပြီးမက်မွန်သီးလေးကျနေတာပဲ။
"ငါတို့ရေစက်ကထူးခြားတယ်နော်"
"ဘာရေစက်လဲဂျူယွန်းရဲ့"
သူတို့စားပွဲဝိုင်းမှာစကားများနေကြတဲ့
သူဆိုလို့ဂျူယွန်းနဲ့ဂျန်းနီသာရှိတာပါ။
လီကလည်းစကားမပြော
ချယ်နဲ့နာယွန်းဆိုအသောက်လွန်ပြီး
ခုံနဲ့နဖူးထိပြီးမှောက်နေတာကြာပြီ။
"ကျောင်းကတည်းကအကြိုက်တူခဲ့တာလေ"
"အေးဟုတ်တယ်နင်တို့နှစ်ယောက်က
ခွက်တွေတူခဲ့ကြတာအကြိမ်ကြိမ်"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
