(Unicode)
"လီဆာ"
ရေသောက်နေရင်းခေါ်သံကြောင့်
ကြည့်လိုက်တော့ဘယ်သူများလဲလို့
ယောက်ဖလောင်းလေးပဲ
"ဘာကိစ္စရှိလို့လဲယောက်ဖလေး"
လီဆာကယောက်ဖလို့ခေါ်လို့ထင်ပါတယ်
ချယ်ယောင်းမျက်နှာလေးရှုံ့တွသွားတယ်
"ငါနင်နဲ့ဆွေးနွေးစရာရှိလို့"
"ထိုင်လေ"
ဒီနေ့ကျောင်းကိုအစောကြီး
ရောက်နေတာကြောင့်
ဘမ်နဲ့အန်နာလည်းမရှိသေးဘူး
တစ်ယောက်တည်းပျင်းနေရမယ်ထင်တာ
ချယ်ယောင်းရောက်လာလို့အတော်ဖြစ်သွားတယ်
"နင်သိပြီးပြီမလား"
"နင်နဲ့မမအကြောင်းလား"
"ဟုတ်တယ်"
"သိပြီးပြီလေဟိုနေ့ညက
ငါ့ကိုမမပြောပြလို့"
"အဲ့တာငါနင့်ကိုကျေးဇူးတင်ပါတယ်နော်"
"ဘာလို့"
"ငါတို့ကိုမကန့်ကွက်လို့လေ"
"ဟားဟား...."
လီဆာကထရယ်တာကြောင့်
ချယ်ယောင်းမျက်မှောင်ကြုံ့ပြီး
ကြည့်နေလိုက်တယ်
"ဘာရယ်တာလဲ"
"အဲ့ကိစ္စအတွက်ဆိုငါ့ကို
ကျေးဇူးတင်ဖို့မလိုပါဘူးဘရိုရာ"
"ငါဆိုနင်အစ်မနဲ့တွဲတုန်းက
သိပ်သဘောမတူချင်ခဲ့ဘူးလေ"
"ဘာလဲအဲ့တာကြောင့်
ငါ့ကိုအားနာနေတာလား"
"ဒီတိုင်းပါငါထင်တာနင်က
ပြန်ပြီးများကလဲ့စားချေမလားလို့"
"ငါကအဲ့လောက်ဆိုးတဲ့သူမဟုတ်ဘူးနော်"
လီဆာချယ်ယောင်းပခုံးကိုတိုက်ရင်းပြောလိုက်တယ်
"ဒါနဲ့ငါ့အစ်မကိုစိတ်ဆင်းရဲရအောင်
မလုပ်နဲ့နော်လီဆာရား...အဲ့ကျရင်
ငါနင့်ကိုဆွဲထိုးမှာ"
"အိုး!!!ကြောက်စရာကောင်းလိုက်တာ"
"လာနောက်မနေနဲ့ငါကအတည်ပြောတာ"
"ငါလည်းအတည်ပါ"
"ငါတကယ်နားမလည်နိုင်ဘူး
အစ်မလိုလူမျိုးကနင့်ကို
ဘာတွေကြည့်ပြီးချစ်သွားလဲမသိ"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Фанфикшн(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
