လီဆာနဲ့ရင်ခွင်ထဲကကောင်မလေးဟာ
အတန်ကြာသည်အထိတစ်ယောက်နှင့်
တစ်ယောက်ငေးကြည့်နေကြသည်
လီဆာ့ဘက်ကပဲစတင်အကြည့်လွဲရင်း
"ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူးကျေးဇူးပဲနော်"
"ရပါတယ်မလိုပါဘူး"
"အန်နာပတ်ပါတွေ့ရတာဝမ်းသာပါတယ်"
"လာလီဆာပါ"
လီဆာနဲ့အန်နာလက်ဆွဲ
နှုတ်ဆက်လိုက်ကြတယ်
ဘမ်ကလည်းအားကျမခံဝင်ပြောတာပေါ့
"အန်နာကျွန်တော်က
လီဆာ့သူငယ်ချင်း
ဘမ်ဘမ်ပါခင်လို့ရပါတယ်"
"အာဟုတ်ကဲ့ပါ"
ဘမ်ကမ်းပေးထားတဲ့လက်ကို
အန်နာကပြန်မဆွဲတာကြောင့်
ဘမ့်ခမျာမျက်နှာလေးရဲပြီး
ကိုယ့်အသိနဲ့ကိုပြန်သိမ်းလိုက်ရတယ်
လီဆာကတော့ကြိတ်ခွီနေတာပေါ့
"အန်နာသွားတော့မယ်နော်
ခွင့်ပြုပါဦးလီဆာ"
"ဟုတ်ကဲ့ပါ"
အန်နာသွားတာကို
လီဆာနဲ့ဘမ်မှာ
မျက်တောင်မခတ်စတမ်း
ကြည့်နေကြတယ်
အကြောင်းကတော့
အန်နာရဲ့လမ်းလျှောက်ပုံကြောင့်ပါပဲ
"ဟေ့ကောင်လီဆာ
လမ်းလျှောက်ပုံလေးက
ကြောင်မလေးကျနေတာပဲကွာ"
"နှာဘူး"
လီဆာထိုတစ်လုံးသာ
အားရပါးရပြောပြီး
အတန်းထဲဝင်လာခဲ့လိုက်တယ်
ဘမ်လည်းခေါင်းလေးကုတ်ပြီး
သူ့အနောက်လိုက်လာတာပေါ့
🌻🌼
ကော်ဖီဆိုင်တစ်ခုရဲ့
စားပွဲဝိုင်းလေးမှာ
ကောင်လေးနဲ့ကောင်မလေး
အတူထိုင်ကြရင်းကော်ဖီသောက်နေကြတယ်
"ဂျန်း"
"ဂျန်း!!"
"ဟင် ဂျန်းကိုခေါ်တာလားဂျုံအင်"
"ဟုတ်တယ်လေဂျန်းရယ်
ဘာတွေများတွေးနေတာလဲဟင်
ကိုယ်ခေါ်တာတောင်မကြားတော့"
"ဘာမှမတွေးပါဘူး
ဒီတိုင်းအလုပ်ကိစ္စ"
"ကိုယ်နဲ့ရှိနေတဲ့အချိန်တော့
အဲ့တာလေးတွေမေ့ထားရအောင်
ဂျန်းအလုပ်မှာလည်းပင်ပန်းတယ်
အပြင်ထွက်တော့လည်းဒါပဲတွေးရင်
ဘယ်ကောင်းမလဲဟုတ်တယ်မလား"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fiksi Penggemar(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
