(Unicode)
သစ်လုံးအိမ်တစ်အိမ်လုံး
လီဆာ့အော်သံတွေနဲ့ပြည့်နှက်နေတယ်
အကြောင်းကတော့
မဒမ်ဟာအဂျစ်လေးရဲ့
ပခုံးကကိုက်ရာကိုဆေးထည့်ပေးနေတာ
"ဘာလို့အဲ့လောက်အော်နေတာလဲ
မင်းကကလေးသေးသေးလေးလား
ဒါလေးဆေးထည့်တာသေတော့မှာကျနေတာပဲ"
"နီကလည်းနာတာကိုးလို့
ဆေးရည်တွေကစပ်တယ်ရှင့်"
မောင်ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး
ဂျန်းနီမှာရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်
အတင်းတွေဆိုးလွန်းနေလို့
ဂျန်းနီလူဆိုးကောင်ကိုအပြစ်ပေးလိုက်တာ
ဘယ်နှယ့်ချစ်သူဖြစ်တာမှ
ဘယ်လောက်မှမကြာသေးဘူး
အတူတူကနေချင်နေသေး..
ကင်ဂျန်းနီကိုဒီလိုလုပ်လို့ရမလား
အိမ်ရာပေါ်မှာအတင်းတွေမွှန်ပြီး
လည်ပင်းတွေကိုသူအာရုံရောက်နေတုန်း
ပခုံးတစ်ဖက်ကိုနာနာလေးကိုက်ချပေးလိုက်တာ
အခုလည်းအဲ့ကိုက်ရာကို
ဂျန်းနီကိုယ်တိုင်ပဲဆေးထည့်ပေးနေရတာပေါ့
ဒါကိုလူဆိုးကောင်ကတော့
အရမ်းတွေနာသလိုဟန်ကဆောင်သေး
"ပြီးသွားပြီ....နာနေသေးလား"
"နာတာပေါ့လို့ဘာမှန်းလည်းမသိဘူး
ကိုယ့်ချစ်သူကိုကိုက်ချတာအားကြီးနဲ့"
ဘဲပေါက်လိုစူပုပ်ပြီးပြောနေတဲ့
မောင့်ကိုကြည့်ပြီးဂျန်းနီကတော့သဘောကျနေတာ
"မရယ်နဲ့နော်"
"မင်းကအရမ်းဆိုးနေလို့
မှတ်လောက်အောင်လုပ်ပေးတာလေ"
"မောင်က နီ ကိုစ,ချင်ယုံသက်သက်ပါ"
"အဲ့တာတွေပြောမနေနဲ့တော့
အကျီဝတ်လို့ရပြီ"
"မဝတ်ပါဘူး"
"အအေးပတ်ပြီးလေပါဖြတ်မယ်"
မဒမ်ဟာလေချစ်သူလေးကို
ပြောလိုက်ရင်ဟိုးအဆုံးထိ...
"မောင်အပေါ်ပိုင်းဗလာနဲ့နေတော့
နီ့စိတ်ထဲမရိုးမရွဖြစ်နေလို့မလား"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
