(Unicode)
လီဆာနဲ့မဒမ်ချစ်သူတွေဖြစ်တာ
တစ်ပတ်တောင်ပြည့်တော့မယ်
တစ်ပတ်လုံးလုံးမောင်ဟာ
ဂျန်းနီအနားကကိုမခွာခဲ့ပါ
ကျောင်းတက်ပြီးစာလေးဘာလေးလုပ်ဆိုလည်း
မောင်ကတော့နားကိုမထောင်
နီ့စကားဆိုမြေဝယ်မကျပါပဲဆိုတဲ့မောင်ဟာ
ဂျစ်ကန်ကန်နိုင်တဲ့အကျင့်ကတော့
ပျောက်မသွားပါဘူး
အခုလည်းကြည့်ကုမ္ပဏီရုံးခန်းက
ဆိုဖာပေါ်မှာထိုင်ရင်းဂျန်းနီကို
တစိမ့်စိမ့်ကြည့်နေပြန်တာ
"မောင်..."
"ဟုတ်ကဲ့ နီ"
သွားလေးတွေပေါ်တဲ့အထိ
ပြုံးပြနေတဲ့မောင့်အနားကို
ဂျန်းနီမျက်မှန်လေးပင့်တင်ကာ
တစ်လှမ်းချင်းသွားလိုက်တယ်
"ဗိုက်ဆာနေပြီလား"
မောင့်ပေါင်ပေါ်မှာထိုင်ရင်း
ပါးလေးတစ်ဖက်ကိုဆွဲကာမေးလိုက်တော့
"ဆာနေပြီ"
"အာ့ဆိုသွားကြမယ်လေ
တော်ကြာမောင်ဗိုက်အောင့်ရင်ဘယ်လိုလုပ်မလဲ"
စိုးရိမ်တကြီးပြောနေရှာတဲ့
မဒမ့်ကိုကြည့်ပြီးရင်ထဲမှာကြည်နူးရပြန်တယ်
"နီ...မောင်ကလေထမင်းထက်
ပိုစားချင်နေတာရှိတယ်သိလား"
"ဟုတ်လားဘာများလဲပြောပါအုန်း"
မဒမ်ဟာလီဆာ့လည်တိုင်ကို
လက်တွေနဲ့ချိတ်တွယ်လိုက်သေး
"နီ့ကို"
နှုတ်ခမ်းတစ်ဝှိုက်ကို
လျှာနဲ့သပ်လိုက်ပြီး
အကြည့်စူးစူးတွေနဲ့ပြောလာတဲ့
မောင့်ကြောင့်ဂျန်းနီရင်ထဲဝယ်ဂျိန်းခနဲ
သေချာပါတယ်မျက်နှာကြီးလည်း
ခရမ်းချဥ်သီးလိုရဲတွတ်နေတော့မှာ
မဒမ်ဟာသိပ်ရှက်တတ်တဲ့မိန်းမ
မဒမ့်လိုမိန်းမကိုမှအဂျစ်ကလည်းချစ်တာ...
"မောင့်မိန်းကလေးကဘာလို့
ဒီလောက်ထိရှက်တတ်ရတာလဲဟင်"
မဒမ့်ရဲ့မေးရိုးလေးကို
ဆွဲမော့ရင်းအကြည့်ချင်းဆုံစေတော့လည်း
မဒမ်ဟာလီဆာ့မျက်လုံးတွေကိုမကြည့်
ဘေးဘီဝဲယာအား360°လှည့်နေတာ..
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Фанфикшн(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
