(Unicode)
ကျောင်းရဲ့မေပယ်ပင်ကြီးအောက်က
နေရာလေးမှာထုံးစံအတိုင်း
လီဆာတို့အုပ်စုရှိနေကြတယ်
"ဟဲ့လီဆာ..."
စီးကရက်သောက်ရင်း
ဖုန်းသုံးနေတဲ့လီဆာဟာ
ဘမ့်အားဘာလဲဆိုတဲ့အထာနဲ့
မေးငေါ့ပြတယ်
"နင်ဒီနေ့ကားပြိုင်မလို့ဆို"
"ဟုတ်တယ်လေငါအဲ့နေရာတွေ
မသွားရတာကြာတော့လွမ်းနေပြီ"
"နင်ကမဒမ့်ကိုပဲငမ်းနေတာကိုး"
လီဆာကဘာစကားမှမပြောပဲ
ပြုံးစိပြုံးစိဖြစ်နေတာကြောင့်
"လီဆာနင်ဘာတွေတွေးနေတာလဲ"
"မဒမ့်အကြောင်းပေါ့ကွာ"
"နင်တော့ဆေးမမှီတော့ဘူး"
"လီဆာကအစ်မဂျန်းနီကို
အတော်သဘောကျသွားတာပဲ"
ဘာစကားမှဝင်မပြောတဲ့အန်နာက
အခုမှပဲပြောတော့တယ်
"မဒမ့်ကိုချစ်မိသွားတာ"
"အခြေအနေဘယ်လိုလဲ"
"အေးဟုတ်တယ်ငါတို့ကိုပြောပြအုန်း
မဒမ်ကနင့်အပေါ်ဘယ်လိုဆက်ဆံလဲဆိုတာ"
"ဘမ်!!"
"အေးပြောလေ"
"မဒမ်လို့ခေါ်ခွင့်ရှိတာငါတစ်ယောက်တည်း"
"နင်ကလည်းတွန့်တိုလိုက်တာ"
"ဘာဖြစ်လဲတိုတယ်ဟာ"
"နင်တို့နှစ်ကောင်ကလည်းအချိန်တိုင်း
ရန်ပဲဖြစ်နေကြတာပဲတော်ကြတော့"
"ဒီကောင်အရင်စ,တာကိုး"
"အေးပါဟာငါမခေါ်တော့ဘူး
အန်နာ့လိုပဲအစ်မဂျန်းနီလို့ခေါ်မယ်"
"အဲ့လိုမှပေါ့"
လိမ္မာတယ်ဆိုတဲ့ပုံစံနဲ့
လီဆာကဘမ့်ခေါင်းကိုတောင်ပုတ်လိုက်သေးတယ်
"မဒမ့်ကိုချစ်ရေးဆိုထားတယ်"
"လီဆာရယ်မမြန်လွန်းဘူးလား"
"မမြန်ပါဘူးနှေးတောင်နေသေး"
"နင်ကချစ်ရေးဆိုတော့ဟိုကငြင်းလိုက်တယ်မလား"
"ကဲကွာ"
လီဆာဒေါသထွက်ပြီး
ဘမ့်ကိုကန်လိုက်တာခုံပေါ်ကပြုတ်ကျတယ်
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Фанфикшн(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
