(Unicode)
"ကင်ချယ်ယောင်း"
ချယ်ယောင်းကိုတွေ့တဲ့အခါ
လီဆာတအံ့တသြဆိုလိုက်တယ်
"အစ်မနင်ဟာဒီအဆိုးနဲ့
သဘောမတူပါဘူးဆိုတာကို
ဘာတွေလျှောက်လုပ်နေတာလဲ"
စိတ်ပျက်သလိုဆိုလာတဲ့ချယ်ယောင်းကြောင့်
လီဆာမျက်မှောင်ကြုံ့လိုက်မိတယ်
လူကိုများအဆိုးဆိုပဲ
ကြီးကြီးကျယ်ကျယ်
သဘောမတူဘူးကလုပ်နေသေး
အဆင်ပြေမယ်ကြံကာရှိသေး
အဖျက်ဝင်တယ်ဆိုတာဒါမျိုး...
"ချယ်ရယ်အစ်မရှင်းပြပါ့မယ်"
"လာလီဆာငါနင့်ကိုတစ်ခါတည်း
ပြတ်ပြတ်ပဲပြောမယ်..ငါ့အစ်မနဲ့
လာပြီးမပတ်သက်နဲ့ရှင်းလား"
"နင့်စကားကိုနားထောင်စရာလား"
"လာလီဆာနင်ထွက်သွားတော့
မဟုတ်ရင်ငါတစ်ခုခုလုပ်မိတော့မယ်"
မီးဟုန်းဟုန်းတောက်နေတဲ့
မျက်ဝန်းတွေနဲ့ချယ်ယောင်းကြောင့်
ခေါင်းမီးတောက်နေသူကဂျန်းနီ
လီဆာကတော့ဂရုမစိုက်တဲ့အထာနဲ့
စီးကရက်တောင်မီးညှိနေသေး..
"နင်ကများငါ့ကိုမထီမဲ့မြင်ပြုတယ်ပေါ့"
ခွပ်!!!
"အ့...."
ချယ်ယောင်းထိုးလိုက်တာကြောင့်
ညည်းလိုက်တာမဟုတ်..
အထိုးခံလိုက်ရတော့
စီးကရက်ကလက်ဖမိုးပေါ်ကျသွားလို့
"မောင်!!!"
ဂျန်းနီဟာဘာကိုမှမမြင်တော့ပဲ
လီဆာ့ဆီကိုသာအပြေးလာပြီး
မီးပူလောင်သွားတဲ့နေရာလေးကို
တယုတယကြည့်နေတယ်
"အစ်မနင်ရူးနေပြီလား
ဘာလို့ဒီလူကိုမှ"
ချယ်ယောင်းစကားကို
လီဆာလည်းမကြားသလို
ဂျန်းနီလည်းနားမဝင်ပါ
လက်ဖမိုးကအပူလောင်ရာကို
တဖူးဖူးမှုတ်ပေးနေတဲ့မဒမ်ဟာ
ချစ်စရာကောင်းလွန်းလို့....
"နှုတ်ခမ်းမှာဒဏ်ရာထပ်ရပြန်ပြီကွာ"
ကိုယ့်နှုတ်ခမ်းကိုသူမကကိုင်ပြီး
မျက်ရည်တွေဝဲကာဆိုနေတာကြောင့်
ကြောင်အနေမိတာလီဆာ
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
