(Unicode)
"မင်းဘာလို့အဲ့လောက်စိုက်ကြည့်နေတာလဲ
တို့နေတောင်မနေတတ်တော့ဘူးမောင်"
ဆိုင်ရောက်ကတည်းက
ဂျန်းကိုချည်းတစိမ့်စိမ့်
မေးထောက်ကာကြည့်နေတဲ့
မောင့်ကြောင့်လူဟာပူရှိန်းရှိန်း
"နီကအရမ်းလှလို့လေ"
"မင်းတအားပိုပြန်ပြီ"
"မောင်ကနီ့ကိုချစ်တဲ့အချစ်တွေပိုနေတာပါ"
ဂျန်းညာလက်ကိုဆွဲယူပြီး
လက်ဖမိုးကိုပြွတ်ခနဲနမ်းတဲ့
မောင့်ကြောင့်ပြုံးလိုက်မိသည်
ထိုအချိန်ဝိတ်တာလေးက
Steakတွေလာချလို့ရှက်ရှက်နဲ့
လက်ကိုရုန်းရသေးတယ်
မောင်ကတော့သဘောတွေကျနေလေရဲ့
"မောင်လှီးပေးမယ်နော်"
ခပ်ပြုံးပြုံးလေးဆိုကာ
Beef steakကို
သေချာလှီးဖြတ်နေတဲ့
မောင့်ကိုပြုံးပြီးကြည့်နေမိတယ်
"ရပါပြီရှင့်"
"မင်းကတော်သားနော်"
"မောင်ကဘက်စုံထူးချွန်လေးပါနော်
နီ့ကိုချစ်တဲ့ဘာသာမှာတော့ဂုဏ်ထူးပါထွက်ထားတာ"
မျက်စိတစ်ဖက်ကိုမှိတ်ရင်း
ပြုံးကာနေသည့်မောင်ကြောင့်
ဂျန်းလည်းထပ်တူပြုံးနေမိသည်ထင်
တစ်ချိန်တည်းတွေးမိတာက
ဂျုံအင်နဲ့အကြောင်း
အမှန်ပြောလိုက်ရင်ကောင်းမလား
ဒီတိုင်းပဲမသိချင်ယောင်ဆောင်ထားရမလား
ဂျန်းမရွေးတတ်တော့ဘူး
"စားလေနီရဲ့ဘာလို့မစားတာလဲ"
"ဟင်...."
သူ့ကိုဘာမှပြန်မပြောတဲ့
ဂျန်းကြောင့်ပြုံးလိုက်ရင်း
"မောင်ခွံကျွေးမှစားမယ်ပေါ့"
မောင်ဟာဂျန်းဘေးနားကို
ရောက်ချလာပြန်တယ်
"တို့ဘာသာစားပါ့မယ်ကွာ"
"မရပါဘူးမောင်ပဲခွံ့မှာ"
"မောင်ကလည်းရှက်စရာကြီး"
"ဟော!!!မောင့်ချစ်သူကို
ခွံ့ကျွေးတာဘာရှက်စရာလဲ"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
