3

7.1K 593 34
                                        

မဒမ်နဲ့ရင်းနှီးခွင့်ရချင်တယ်
လီဆာဘာလုပ်ရမလဲဟင်

ရှည်ရှည်ဝေးဝေးတွေးမနေတော့ပဲ
လီဆာမဒမ်ထိုင်နေတဲ့ဝိုင်းကိုပဲ
တစ်လှမ်းချင်းသွားလိုက်တယ်

မဒမ့်ဘေးမှာဝင်ထိုင်လိုက်တဲ့အချိန်
မဒမ်ကလီဆာ့ကိုလှည့်ကြည့်လာပြီး
ခုနကလိုအံ့အားသင့်နေတဲ့မျက်လုံးလေးတွေနဲ့

"မင်းဘာလာလုပ်တာလဲ"

"ဟိုလေလီလီ..မဒမ်နဲ့ခင်ချင်လို့ပါ
မဒမ်ကလည်းတစ်ယောက်တည်း
ဖြစ်နေတာနဲ့ပျင်းနေမှာစိုးလို့"

"မဒမ်???"

လီဆာကမဒမ်လို့
ခေါ်လိုက်တာကြောင့်
ထပ်ပြီးအံ့သြနေတဲ့ပုံပဲ

"မဒမ့်ကိုပြောတာပါ"

"တို့ကို"

မဒမ်ကသူ့ကိုယ်သူလက်ညိုးထိုးရင်း
မေးတာကြောင့်လီဆာလည်း
ခေါင်းငြိမ့်ပြလိုက်တယ်

"တို့တစ်ယောက်တည်းပဲနေချင်လို့
မင်းနဲ့လည်းမခင်ချင်ဘူး"

မဒမ်ကစိတ်မသက်မသာ
ဖြစ်နေတဲ့ပုံစံနဲ့ပြန်ပြောတယ်

"လုပ်ပါနော်လီလီက
မဒမ်နဲ့ခင်ချင်လို့ပါ"

အဟွတ်အဟွတ်

"မင်းလက်ထဲကစီးကရက်ကို
မီးသတ်လိုက်ပါလားဟင်
တို့အသက်ရှူကျပ်လို့"

"အိုခေအိုခေ"

လီဆာချက်ချင်းပဲ
စားပွဲပေါ်မှာစီးကရက်ကို
ဖိချေလိုက်တယ်

"အဆင်ပြေပြီလားဗျ"

"မင်းဘယ်လိုကလေးမလဲ
ပြောလေဆိုးလေပဲ"

"မဒမ်သာလီလီနဲ့ခင်မယ်ဆိုရင်
မဆိုးတော့ဘူးလေ"

"ဘာလို့တို့နဲ့ခင်ချင်တာလဲ"

"မဒမ်ကလှလို့"

ရဲတင်းစွာဆိုလာတဲ့
လီဆာ့စကားကြောင့်
ရင်တုန်သွားရတာဟာမဒမ်ပဲပေါ့

"ရူးနေတာလား"

"မဒမ်ကဘယ်လိုထင်လို့လဲ"

"အရူးလို့ထင်တယ်"

"ဒါဆိုလီလီရူးပေးမှာပေါ့
မဒမ့်အတွက်လီလီအရူးဖြစ်ပေးမယ်"

အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)Where stories live. Discover now