(Unicode)
ကလပ်ကအပြန်ကိုလည်းသူငယ်ချင်းတွေရဲ့ကောင်းမှုကြောင့်ရောဂျုံအင်ရဲ့တောင်းဆိုမှုကြောင့်ပါဂျန်းနီသူနဲ့အတူပြန်ခဲ့ရတယ်။
တစ်လမ်းလုံးတော့စကားမပြောဖြစ်ပါ။
အဲ့လိုနဲ့ပဲအိမ်ရှေ့တောင်ရောက်လာပြီ။
"လိုက်ပို့ပေးလို့ကျေးဇူးပါဂျုံအင်"
"ဂျန်းခဏလေး"
ဂျုံအင်ဟာဂျန်းနီရဲ့လက်ကိုဆွဲကိုင်ရင်းတားတာ
ကြောင့်သူမရုန်းလိုက်မိတယ်။"ဆောရီးကိုယ်တောင်းပန်တယ်"
ဂျုံအင်ဟာသူ့အမှားသူသိသလိုနဲ့ချက်ချင်းပြန်တောင်းပန်တယ်။
"ရပါတယ်ဘာပြောမလို့လဲ"
"ကိုယ့်ကိုသူငယ်ချင်းတွေရှေ့မှာ
အကောင်းဆုံးဆက်ဆံပေးလို့
တကယ်ကျေးဇူးတင်ပါတယ်နော်""မလိုပါဘူး"
"ကိုယ်ကြောက်နေခဲ့တာ
ဂျန်းသာလီဆာနဲ့တွဲနေတယ်လို့
ပြောလိုက်ရင်ဘယ်နှယ့်လုပ်ဆိုပြီး""ဂျန်းလည်းတစ်သက်လုံးတော့
ဒီလိုကြီးမသွားပေးနိုင်ဘူးဂျုံအင်""ကိုယ်သိပါတယ်"
ဂျုံအင်ဟာသူ့ကိုဂျန်းနီကငါလို့မသုံးတော့ပဲဂျန်းဆိုပြီး
ပြန်သုံးနှုန်းလိုက်တာကြောင့်သဘောတွေကျနေတယ်ထင်ပါတယ်။စကားပြောတာတောင်မျက်နှာကြီးကပြုံးလို့...
"အခုတော့ဂျန်းနားချင်ပြီ"
"အင်းပါကိုယ်လည်းပြန်တော့မယ်"
ဂျန်းနီကားပေါ်ကဆင်းတော့ဂျုံအင်ကလှမ်းပြောသေးတယ်။
"မနက်ဖြန်တွေ့မယ်တဲ့လေ"သူနဲ့အလုပ်အတူလုပ်ရမှာတွေးရင်းလူကအလိုလိုသက်ပြင်းတွေချမိတယ်။
ဂျုံအင့်ကားထွက်သွားတာကိုသေချာအောင်ကြည့်ပြီးမှခြံတံခါးဖွင့်ဝင်ဖို့အလုပ်ကြားလိုက်ရတဲ့ဆိုင်ကယ်သံကြောင့်တုန်တောင်တက်သွားမိတယ်။
"မောင်...."
"နီ.."
မောင်ဟာဂျုံအင်နဲ့ဆန့်ကျင်ဘက်ကနေဆိုင်ကယ်နဲ့ဘွားခနဲပေါ်လာတာ။
![](https://img.wattpad.com/cover/313532118-288-k688154.jpg)
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
أدب الهواة(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...