(Unicode)
အယ်လာကိုကြိုဖို့အတွက် မူကြိုရှေ့မှာ
လီဆာကားကိုမှီရင်း လက်ကနာရီကို
တကြည့်ကြည့်နဲ့စောင့်နေသည်။
ထိုအချိန် ကျောင်းထဲက
ကလေးသေးသေးလေးတွေ
အလျိုလျိုထွက်လာကြသည်။
"အယ်လာ....."
သမီးကိုအော်ခေါ်ကာ လက်ပြလိုက်ရင်း
လီဆာဟိုဘက်ကမ်းကိုကူးသွားသည်။
"အယ်လာ...တာ့တာနော်မနက်ဖြန်မှတွေ့မယ်"
သမီးနားရောက်တော့
ကောင်လေးတစ်ယောက်က
အယ်လာ့ရဲ့ ပါးလေးကိုဆွဲရင်း
နှုတ်ဆက်နေတာကိုတွေ့လိုက်ရတာကြောင့်
သွေးတောင်ဆောင့်တက်သည်။
"အေးတာ့တာနော်ဒိုဟွန်း..."
"ကဲသူငယ်ချင်းကိုနှုတ်ဆက်ပြီးရင်လည်း
ဒါဒါတို့ပြန်ကြမယ်နော်မင်းသမီးလေး"
အယ်လာ့လက်သေးသေးလေးကို
ဆွဲလိုက်ပြီး ခေါ်သွားမလို့ပဲရှိသေး
ဟိုကောင်လေးလုပ်လိုက်တဲ့အရာကြောင့်
လီဆာ မူးမေ့လဲချင်သွားသည်။
သမီးရဲ့ပါးကိုနမ်းသွားတာ....
"ဟေ့ကောင်လေး...မင်းငါ့သမီးကိုဘာလုပ်တာလဲ"
အဲ့ကလေးရဲ့အကျီစကိုလှမ်းဆွဲရင်း
လီဆာအသံမာမာနဲ့မေးလိုက်သည်။
အယ်လာကတော့ သူ့ပါးသူပွတ်ရင်း
ရှက်ပြုံးလေးနဲ့ပြုံးနေသေး...
"နမ်းလိုက်တာလေအဒေါ်ကြီးကလည်း"
"ဒီကောင်နဲ့တော့ငါ့သမီးကိုလည်း
နမ်းသေးတယ်...ငါ့ကိုလည်းအဒေါ်ကြီးဆ်ိုပဲ"
စိတ်ထဲကြည့်မရတာနဲ့
အဲ့ကလေးရဲ့ခေါင်းကို
တစ်ချက်ခေါက်ပေးလိုက်သည်။
ဒါတောင်အဲ့ကောင်လေးက ခပ်ပြုံးပြုံးသာ
"ဒါဒါဘာလို့ဒိုဟွန်းကိုခေါက်လိုက်တာလဲ"
"ဒါဒါ့မင်းသမီးလေးကိုနမ်းလို့လေ"
လီဆာအဲ့လိုပြောတော့ အယ်လာလေးဟာ
နှုတ်ခမ်းလေးဆူရင်း လက်ပိုက်ကာ
မျက်နှာတောင်တစ်ဖက်လွဲသွားသည်။
"အယ်လာရယ်နင့်ဒါဒါကိုစိတ်ကောက်မနေနဲ့..
သူကနင့်ကိုချစ်လို့နှမျောနေတာပါဟ..
ငါသွားတော့မယ်တာ့တာ"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfic(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
