16

7.1K 507 27
                                        

(Unicode)

မဒမ့်အိမ်ကအပြန်လီဆာ
ရောက်လာခဲ့တာကလပ်ကိုပါ

ဒီလိုနေရာမျိုးတွေကို
အရင်ကချောင်းပေါက်မတတ်
လာတတ်သော်လည်း
အခုတော့မလာဖြစ်တာအတော်ကြာပြီလေ

မဒမ်မကြိုက်ဘူးဆိုလို့
ခြေဦးတောင်မလှည့်တာ

ဒီတစ်ညတော့ချိုးဖောက်ခွင့်ပြုပါ
ကင်ဂျုံအင်ကြောင့်လီဆာ့စိတ်တွေ
အရမ်းလေးလံနေတာ

အရက်သောက်ပြီးပဲဖြစ်ဖြစ်
ဆေးကြောပစ်မှဖြစ်မယ်

"လီဆာ....နင်အခုမှပြန်ပေါ်လာတယ်"

ဘယ်သူနဲ့မှစကားမပြောချင်လို့
ချောင်ကဝိုင်းမှာထိုင်ပါတယ်ဆို
ဘမ်ကရောက်လာပြန်တယ်

"နင်ရှိနေမယ်လို့ငါမထင်ထားဘူးဘမ်"

"နင်ကရောဘယ်လိုမျက်စိလည်လာတာလဲ"

"ဒီတိုင်းပါစိတ်ပြေလက်ပျောက်"

စားပွဲပေါ်ကအရက်ခွက်ကို
ရေတောင်မရောပဲတစ်ချက်တည်း
မော့ချလိုက်တဲ့လီဆာ့ကြောင့်
ဘမ်တောင်မျက်လုံးပြူးသွားတယ်

"နင်အစ်မဂျန်းနီနဲ့အဆင်မပြေလို့လား"

"နီနဲ့ကအားလုံးအိုခေတယ်ဘမ်"

"ဒါပေမယ့်နင့်ပုံကညစ်နေသလိုပဲ"

ဘမ်ကသူ့အားကြည့်ကာ
ခြောက်ကပ်ကပ်ဆိုလာတယ်

"ငါ့ကိုဘာမှမမေးပါနဲ့လား
ငါအေးဆေးလေးသောက်ပါရစေ"

"အင်းပါ"

လီဆာလမ်းမှာဝင်ဝယ်လာတဲ့
စီးကရက်ကိုမီးညှိပြီးရှိုက်လိုက်တယ်

ဒီအရသာကိုလွမ်းနေခဲ့တာ
မဒမ့်ကိုဖြတ်မယ်ပြောထားလို့
နေနိုင်အောင်ကြိုးစားပေမယ့်
မလုပ်နိုင်ဘူးဖြစ်နေတယ်

ဖြေးဖြေးချင်းအချိန်ယူပြီး
လီဆာကြိုးစားပါ့မယ်မဒမ်

"လီဆာငါဟိုဘက်သွားမလို့
နင်နေခဲ့မှာမလား"

လီဆာပြန်ဖြေချင်စိတ်မရှိတာကြောင့်
ခေါင်းပဲငြိမ့်ပြလိုက်တယ်

ဘမ်ထွက်သွားတော့
ခေါင်းကိုလှန်ချပြီး
အတွေးတွေနဲ့ချာချာလည်နေပြန်တယ်

အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)Where stories live. Discover now