(Unicode)
"ချယ်ယောင်းရေ.."
အိပ်ကောင်းနေပါတယ်ဆို
စောင်တွေဖယ်ပြီးလာနိုးနေတဲ့
အစ်မကြောင့်ချယ်စိတ်ညစ်ရတယ်
"ဟဲ့ကင်ချယ်ယောင်းထစမ်းပါ"
"ဟာအစ်မရာ..ဘာလဲဟာ"
အော်သာနေတာမျက်လုံးကမပွင့်
ဂျန်းမှာသူ့ကိုအတင်းဆွဲရသေး
"နင်ဘာဖြစ်နေတာလဲဟာ"
"မောင့်ဆီသွားမလို့"
"ဟမ်..အဲ့တာသွားပါလား
ချယ်နဲ့ဘာဆိုင်လို့လဲ"
မျက်လုံးတွေပွတ်ရင်း
သန်းနေတဲ့ချယ့်ပုံစံဟာ
ရယ်ချင်စရာပဲ...
"နင့်ဂျီနဲ့ရောမတွေ့ချင်ဘူးလား"
"ဂျီ"
သူမနာမလေးကြားရုံနဲ့
အာရုံကြောတွေပွင့်ထွက်ကုန်တာပဲ
အခုမှမျက်စိပွင့်တယ်
"ငါရေမြန်မြန်ချိုးလိုက်မယ်အစ်မ"
ရေချိုးခန်းထဲကိုပြေးသွားတဲ့
ချယ့်ကိုကြည့်ပြီးဂျန်းကတော့
ခေါင်းတခါခါနဲ့ရယ်မောရင်း...
စောင်တွေဘာတွေခေါက်နေတာပေါ့
အမှန်တော့ဘာရယ်မဟုတ်ဘူး
မောင်နေမကောင်းလို့သွားတွေ့ချင်တာ
ဆေးသောက်ရုံနဲ့ပျောက်မှာမဟုတ်မှန်းသိလို့
စောင့်ရှောက်ပေးချင်မိလို့
စွပ်ပြုတ်ကအစကျိုပြီးသား
"ချယ်ရေငါအောက်ကပဲစောင့်မယ်"
ခဏကြာတော့ချယ်ပြင်ဆင်ပြီး
အောက်ကိုတဝွါးဝွါးနဲ့ဆင်းလာတယ်
အခုထိအိပ်ချင်မပြေသေးဘူးပဲ
"နင်ဟာလေဒုက္ခပေးလွန်းတယ်ဟာ
မနက်၇နာရီပဲရှိသေးတာကို"
"ချယ်ကလည်းလိမ္မာပါတယ်
နင့်မမဂျီနဲ့လည်းတွေ့ရမှာပဲကို"
ဘယ်အချိန်တည်းကများ
အစ်မတို့ထပြင်ဆင်လိုက်လဲ
မှန်းတောင်မမှန်းတတ်
လှလှပပဝတ်စားပြီး
လက်ထဲမှာလည်းချိုင့်နဲ့
ဟင်း!!စိတ်လေတယ်
အစ်မဖြစ်သူကိုကြည့်ပြီး
ချယ်ဟာသက်ပြင်းတချချ..
🌻🌼
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
