"မမရေ"
မာနိုဘန်အိမ်တော်ကြီးမှာ
မနက်စောစောစီးစီး
လီဆာ့ရဲ့အသံလေးဟာ
ဆူဆူကိုညံလို့
"လီလီရယ်ဘာပြောမလို့လဲ
အကျယ်ကြီးပဲခေါ်တာကလည်း"
"လီလီ့ဘေးကိုလာထိုင်"
လီဆာကသူ့ဘေးက
နေရာလွတ်ကိုပုတ်ပြတော့
ဂျီဆူလည်းအလိုကျသွားထိုင်လိုက်တယ်
"ကျောင်းမသွားဘူးလား"
"ဟာမမကတော့အလုပ်တွေပဲ
ဦးစားပေးရင်အားလုံးမေ့ကုန်ပြီထင်တယ်"
"ဟင်ဘာလို့"
"ဒီနေ့ကျောင်းပိတ်တယ်လေ"
"ဟယ်ဟုတ်သားပဲမမမေ့သွားတာ"
"မမကိုလေလီလီပြောစရာရှိတယ်"
"ဘာများလဲ"
"လီလီချစ်မိနေပြီ"
"ဟင်"
အသက်နှစ်ဆယ်သာပြည့်ထားတာ
ဆိုးချင်တိုင်းဆိုးပြီးကလေးဆန်တတ်တဲ့
ညီမလေးကချစ်မိနေပြီဆိုတော့
ဂျီဆူအတွက်တော့အထူးအဆန်း
"တကယ်ပြောနေတာလား"
"လီလီ့ပုံကနောက်နေတဲ့ပုံပေါ်လား"
ဂျီဆူခေါင်းခါပြလိုက်တယ်
"မဒမ့်ကိုတကယ်ချစ်မိသွားတာ"
ဂျီဆူညီမလေးကိုဒီတိုင်းလေးပဲ
ကြည့်နေမိသည်ဘယ်လိုလူမျိုးကို
ချစ်မိသွားလည်းမသိပေမယ့်
လီဆာပြောနေပုံကိုနားထောင်ရတည်းက
အတော်သဘောကျနေတယ်ဆိုတာတော့
ဂျီဆူနားလည်လိုက်သည်
ငယ်ငယ်တည်းကမိန်းမမဆန်တဲ့
ညီမဖြစ်သူကမဒမ်လို့နာမည်ပေးထားတဲ့
မိန်းမတစ်ယောက်ကိုချစ်နေတယ်ဆိုလို့လည်း
ဂျီဆူကတော့အံ့သြမနေပါ
လီဆာကယောကျာ်းတွေကိုမှမကြိုက်တာ
"မဒမ်ကဘယ်ကလဲဘယ်သူလဲ"
"အဲ့တာတော့ဘမ်ကိုစုံစမ်းခိုင်းထားတယ်"
"ဟယ်ဒါဆိုသိတောင်မသိသေးပဲ
ချစ်မိနေပြီလို့ပြောတာလား"
"မဒမ့်ကိုရင်းနှီးအောင်ကြိုးစားပါသေးတယ်
မဒမ်ကလက်မခံလို့လေ"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
