(Unicode)
"မိန်းမရေ......"
စူးလွန်းတဲ့အသံလေးနဲ့အတူလှေကားလက်ရန်းကနေ
လျှောဆင်းလာပြန်တဲ့အဂျစ်....
"အမတွေ့တယ်မလားနင့်လူကို..ကြပ်မှပြည့်သေးရဲ့လားမသိ"
လက်ထပ်ပြီးတာတစ်ပတ်ရှိတော့မယ်။
ဒီအတောအတွင်းအဲ့လာလီဆာကို
ချယ်ကြည့်လိုကိုမရတော့ဘူး.....
အဖြစ်သည်းချက်ကလည်း9plusပဲ..
မုန်းစရာကောင်းတဲ့မယားမယားတွေ..
"ဘာတွေလဲ နီ"
"ဝက်သားကတ်သလိပ်နဲ့ထမင်းပေါင်း...မင်းကြိုက်တယ်မလား"
ရှပ်ကော်လံကိုသေချာပြန်ပြင်ပေးရင်းသူမကဖြေသည်။
"ကြိုက်တာပေါ့"
ကတ်သလိပ်ကိုအနံ့ခံပြီးပြုံးနေတဲ့လီဆာ့ကိုကြည့်ကာ
"နင့်ပုံစံကလည်းလူနဲ့မတူတော့ဘူး"
ချယ်ကခပ်ရွဲ့ရွဲ့လေးဆိုတယ်
"အောင်မာချယ်ယောင်း...နင်ကများငါ့ကို"
"ဘာဖြစ်လဲငါကနင့်ကိုရိုသေဖို့မလိုဘူးနော်"
"ရိုသေသင့်တယ်မထင်ဘူးလား။ငါကနင့်အမကိုယူထားတာလေ"
"တော်စမ်းပါ...နင့်ကိုတစ်စိလေးမှမရိုသေနိုင်ပါဘူး"
ချယ်ဟာလျှာထုတ်ပြရင်းပြောင်ပြနေတော့
မောင့်ကြည့်ရတာဒေါသထွက်နေတဲ့ပုံပဲ။
မျက်နှာကြီးရဲပြီးခက်ရင်းနဲ့
ဝက်သားကိုထိုးထားတာများကျိုးတော့မယ်။
"ကဲနှစ်ယောက်လုံးရန်မဖြစ်နဲ့တော့။ပြီးရင်ကျောင်းသွားတော့နော်။ဘာဘာညာညာအသံတွေလည်းမကြားချင်ဘူးဟုတ်ပြီနော်"
"ဟုတ်ကဲ့"
"မဟေသီ့စကားကိုနားထောင်ပါ့မယ်"
"စကားတွေများမနေပဲမနက်စာစားတော့"
ဂျန်းကတော့ဆေးစရာရှိတာ
ဆေးဖို့ဘေစင်သို့သွားလိုက်သည်။
စကားတော့နားထောင်ကြပါတယ်။တိတ်ဆိတ်နေတာပဲအစားစားနေကြတာ.....
"နီ...မောင်သွားပြီနော်"
"အွန်းပါဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းနော်ကြားလား"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
