10

9.7K 636 49
                                        

လီဆာ့ရင်ခွင်ထဲကမဒမ်ဟာ
ကလေးတစ်ယောက်လိုပဲ
ချုံးပွဲချငိုကြွေးနေခဲ့တယ်

လီဆာလည်းမဒမ့်ကျောပြင်လေးကို
ပုတ်ပေးရင်းပဲနှစ်သိမ့်ပေးနေမိတယ်

"မင်းတကယ်မကောင်းဘူးကွာ"

မျက်ရည်တွေကိုတံတောင်နဲ့
ပွတ်ချပြီးငိုမဲ့မဲ့မျက်နှာလေးနဲ့
မဒမ်ဟာလီဆာ့ရင်ဘတ်တွေကိုလည်း
လက်သီးဆုပ်သေးသေးလေးနဲ့
ထုရိုက်နေသေးတာ

"လီလီဘာလုပ်လို့လဲမဒမ်ရယ်"

"မင်းပျောက်သွားလို့ဘယ်လောက်ထိ
တို့စိတ်ပူနေရလည်းသိရဲ့လား"

"ဟောတော့..မဒမ်ပဲနှင်လွတ်ခဲ့ပြီးတော့"

"အဲ့လောက်တောင်စကား
နားထောင်တတ်မှန်းမသိခဲ့ဘူး"

မျက်စောင်းလေးထိုးကာဆိုလာတဲ့
မဒမ့်ကိုအသည်းယားလွန်းလို့
ရင်ခွင်ထဲကိုသွင်းလိုက်ပြီး
ရုန်းမရအောင်ဖက်ပစ်လိုက်တယ်

မဒမ်ဟာလည်းမရုန်းခဲ့ပါဘူး

"လီလီကဆိုးပေမယ့်
မဒမ့်စကားတော့နားထောင်ပါတယ်"

"နောက်တစ်ခါဒီလိုမျိုးလူကို
စိတ်ပူရအောင်မလုပ်နဲ့ကြားလား"

"ဟုတ်"

"မင်းမိဘတွေလည်းသိပ်စိတ်ပူနေတာ
မင်းအစ်မရောပဲ"

"မဒမ်ကမေမေတို့ကိုဘယ်လိုသိတာလဲ"

"သိတာပေါ့တို့မသိတာဘာမှမရှိဘူး"

လီဆာကတော့စဥ်းစားလို့မရ

မဒမ်ဟာဘယ်လိုလုပ်ပြီး
မိသားစုဝင်တွေကိုသိနေရတာလဲ

"မင်းကမာနိုဘန်မျိုးရိုးကဆိုတာ
ဘာလို့ဖုံးကွယ်ထားရတာလဲ"

"လီလီတို့ထိုင်ပြီးပြောရအောင်လား"

"ကောင်းပြီလေ"

စစတွေ့ချင်းအပြေးလာဖက်တဲ့
မဒမ်ဟာထပ်ပြီးသူမဟုတ်သလို
ခပ်တည်တည်ဖြစ်သွားပြန်ပြီ

လီဆာဆိုငိုပြီးရင်မရပ်တော့တဲ့လူစား
မဒမ်ကကျမျက်ရည်တွေကို
ကောင်းကောင်းထိန်းချုပ်နိုင်သား

"ထိုင်.."

မဒမ့်အခန်းထဲမှာဆိုဖာအသေးစားလေးတွေရှိတယ်

အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)Where stories live. Discover now