(Unicode)
"yay!!!...woohoo...."
"စာမေးပွဲကြီးပြီးပြီကွ"
Uniတစ်ခုလုံးဗျောင်းသတ်နေတာပဲ
ကျောင်းသားတွေလည်းရွဲရွဲစိုလို့
နှုတ်ဆက်တဲ့အနေနဲ့ရေလောင်းကြတဲ့ဓလေ့လေ။
"လီဆာရား..နင်ဖြေနိုင်လား"
"ငါကလာလီဆာပါဟ.."
မျက်ခုံးတွေပင့်တင်ရင်း
ပြောတဲ့လီဆာ..."ငါတော့အောင်မယ်ထင်တာပဲ"
"ဘမ်ရာ..နင်အောင်မှာပါ"
"အေးလေလီဆာပြောသလိုပဲ"
"အန်နာနင်တော့ဖြေနိုင်မှာပေါ့"
"အွန်းဖြေနိုင်တယ်လေ"
"ငါတို့ဒီညကလပ်ကိုလစ်ကြမယ်"
"ဘမ်ငါJ clubဆိုမသွားနိုင်ဘူး"
"ဒီတစ်ခါငါအသစ်တွေ့ထားတယ်"
"ဘာလဲ"
မေးငေါ့ကာမေးတဲ့လီဆာ
"Gay bar"
"ဟိုက်!!အဲ့သွားမလို့"
"အေးလေမိုက်တယ်ကြားတယ်ဟ"
"ဟုတ်မှလည်းလုပ်ပါဘမ်ဘမ်ရာ
နင်ကမဂေးပဲအဲ့သွားမလို့လား"နှာခေါင်းရှုံ့ရင်းဆိုလာတဲ့
အန်နာ့ကိုဘမ်ကစေ့စေ့ကြည့်ရင်း"ငါမဂေးဘူးလို့နင့်ဘယ်သူပြောလဲ"
"ဟေ့ရောင်ရေ..ဒါမနောက်ကောင်းဘူးနော်"
လီဆာကသူ့ပခုံးကိုဖက်ကာဆိုတယ်
"ငါအတည်ပြောနေတာ
ငါဆေးကျောင်းကကိုကြီးကို
ချစ်မိနေတယ်ကွဟိဟိ""ဒီကောင်တကယ်ကြီးပဲ"
"ဟဲ့ဘယ်သူလဲ"
အန်နာကမေးတော့
"နာမည်ကဂျက်ဆန်တဲ့အရမ်းချောတယ်
သူကငါ့ကို'ညီ'လို့ခေါ်တိုင်းသေရတယ်ကွာ""ရူးသွားပြီပဲဘာဖြစ်ဖြစ်ပါ
ငါတို့ပင်ပန်းထားသမျှဖြေဖျောက်ဖို့
သွားဖို့တော့လိုတယ်""နင်ကသွားဖို့လိုတယ်သာပြောတာ
အစ်မဂျန်းနီကလွတ်ပါ့မလား"
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...