26

8.1K 523 41
                                        

(Unicode)

"နီ....​ဖြည်းဖြည်းလျှောက်ပါကွာ"

လှေကားကဆင်းတာတောင်
မောင်ဟာသည်းသည်းလှုပ်။
သူဒီလိုမျိုးဖြစ်နေရတဲ့
အကြောင်းကလည်းကြီးမားတာကိုး။

မဒမ့်မှာကိုယ်ဝန်ရှိနေပြီလေ။
မထင်မှတ်ထားစွာပဲမြန်ဆန်စွာ
သန္ဓေအောင်သွားလို့အားလုံးအံ့သြနေကြတာ...

"ကဲပါမင်းသာရှေ့ကဖယ်..တို့ကိုယ့်ဘာသာ
လျှောက်တတ်တယ်ကွယ်"

သူမစကားကြောင့်
ခေါင်းတငြိမ့်ငြိမ့်နဲ့သူဖယ်ပေးလိုက်သည်။

သို့သော်လည်းသူမဘေး
ရောက်လာပြီးလက်ကိုတွဲပေးထားသေး....

"ယောင်းမလေးနောက်ဆို
အစစအရာရာဂရုစိုက်မှဖြစ်တော့မယ်နော်"

ဧည့်ခန်းထဲရောက်တော့
အမဂျီဆူနဲ့စကားပြောဖြစ်တယ်။

အမကဂျန်းမှာကိုယ်ဝန်ရှိနေပြီဆိုလို့
အပြေးကိုသတင်းလာမေးတာ...

"လီလီလည်းအရင်ထက်ပိုရင့်ကျက်ရတော့မယ်"

"အမလေးဂျီရယ်...သူက
ဘယ်တုန်းကများရင့်ကျက်ဖူးလို့လဲ"

ဖုန်းသုံးနေတဲ့ချယ်ကမောင့်ကိုရွဲ့သဲ့သဲ့ပြောပေမယ့်
သူ့ခမျာအရင်လိုတောင်ရန်မတွေ့နိုင်။

ဗိုက်ကိုပဲအကဲပိုကာအဖြစ်သဲနေတာ...

"ယောင်းမလေးကိုဂရုစိုက်ဖို့တော့
ထွေထွေထူးထူးမှာဖို့မလိုဘူးထင်တယ်ဟေ့..
အခုတောင်လီလီတို့အကဲပိုနေတော့..."

ရယ်သံလေးညှပ်ကာဂျန်းကိုကြည့်ပြီး
ပြောတဲ့အမကြောင့်ဂျန်းလည်းလိုက်ပြုံးမိသည်။

အမပြောတာလည်းဟုတ်နေတာပဲလေ။
မောင်ဟာအခုလည်းဂျန်းဘေးမှာထိုင်ပြီး
ဗိုက်လေးကိုပွတ်ပေးနေတာ..
.ဒါတောင်လနုတုန်းလေးရှိသေးတယ်။

"လီလီမပိုလို့ဖြစ်မလားဂျီရယ်...
တော်ကြာကလေးလေးတခုခုဖြစ်သွားရင်သေရလိမ့်မယ်"

မောင်ဟာကလေးသိပ်ချစ်တတ်သူ။ကလေးသိပ်လိုချင်ခဲ့တဲ့သူလေ။အဲ့တာကြောင့်သူပိုကဲနေတာလည်းအဆန်းတော့မဟုတ်။

"ငယ်တို့လည်းလက်ထပ်ပြီးရင်
ချက်ချင်းကလေးယူမယ်နော်"

ငယ့်စကားကြောင့်ကျွန်မပါးတွေတော့
ရဲတွတ်နေတော့မှာမြင်ယောင်သေး။

အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)Where stories live. Discover now