(Unicode)
မီးဖိုချောင်မှာ အိုးခွက်တွေကိုယ်တိုင်ဆေးရင်း
အလုပ်ရှုပ်နေတဲ့ ချစ်ရသူလေးကို
အနောက်ကနေပြေးဖက်ကာ ဖြူစွတ်နေတဲ့
လည်ပင်းသားတွေအား
တပြွတ်ပြွတ်နမ်းနေလိုက်သည်။
"ငယ်....အိပ်ချင်နေပြီလား"
သူ့ကိုခေါင်းစောင်းကြည့်ရင်း
နှာခေါင်းလေးရှုံ့ကာမေးလာတဲ့
ဂျီ ဟာအချိန်တိုင်းလှရက်နိုင်သူ။
"ဂျီ နဲ့အတူအိပ်ချင်တာလေ"
"အင်းပါခဏစောင့်နော်..မမရဲ့ကလေးလေး
ဒါလေးတွေဆေးပြီးရင်အပေါ်တက်ကြမယ်"
"ဒီတိုင်းလေးပဲနေမယ်နော်"
"မမကလေးလေးသဘောပါရှင့်"
ပြောရင်းနဲ့ နဖူးပေါ်ကိုဖွဖွနမ်းလာတဲ့
ဂျီ့ ကိုကြည့်ရင်း ပါးစပ်ဟာ
နားရွက်တက်ချိတ်တော့မည်။
"အိမ်ကအဒေါ်ကြီးတွေကိုဘာလို့
ဇာတိမြေပြန်ခိုင်းလိုက်တာလဲကွာ...
အခုတော့ ဂျီ ကပင်ပန်းနေပြီ"
"သူတို့လည်းမိသားစုကိုလွမ်းမှာပေါ့ကလေးရယ်"
"အင်းပေါ့လေ..ဂျီ ကတကယ့်နတ်သမီးလေး"
နှာခေါင်းမြုပ်တဲ့အထိ ဂျီ့ ပခုံးသားထဲ
နစ်ဝင်ပြီး နမ်းရှိုက်ပစ်လိုက်သည်။
ဂျီ နဲ့လက်ထပ်ပြီးတာ
သုံးနှစ်ကျော်ရှိနေပြီး အဲ့ကတည်းက
မာနိုဘန်အိမ်တော်မှာပဲ ပြောင်းနေမိသည်။
အရင်အိမ်မှာတော့ အမတို့မယားမယားနဲ့
ချယ် သိပ်ချစ်ရတဲ့တူမလေး အယ်လာတို့ရှိသည်။
ဂျီ့ အဖေနဲ့အမေကတော့ အမေရိကကို
ပြောင်းသွားကြတာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပေါ့။
အခုလည်းအိမ်တော်အကြီးကြီးမှာ
ဂျီ နဲ့ ချယ် နှစ်ယောက်တည်းသာ...
ပျင်းခြောက်ခြောက်နဲ့ဆိုပေမယ့်လည်း
ဂျီ ရှိနေလို့စိတ်တွေတအားပျော်နေမိသည်။
"မနက်ကျရင်အလုပ်သွားမှာဆိုတော့
စောစောအိပ်ပြီးစောစောပဲနားလိုက်တာပေါ့နော်"
မှန်တင်ခုံတွင် ဂျီ ဟာထိုင်ရင်း
မျက်နှာနုနုကိုNight creamလူးနေလေသည်။
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
