(Unicode)
"ဆူရား..."
ဂျီဆူတစ်ယောက်အပေါ်ထပ်ဝရံတာမှာ
စာအုပ်ထိုင်ဖတ်နေရင်းအမေ့အသံကြားမှ
ဖတ်လက်စကိုပိတ်လိုက်တယ်
"မေမေ"
"ဆူစာဖတ်နေတာဆိုလည်း
မေမေမနှောင့်ယှက်တော့ဘူးလေ"
"ရပါတယ်မေမေရဲ့"
"ဒီတိုင်းပါလီလီ့အကြောင်းပြောမလို့"
"လီလီ့အကြောင်း"
"အင်း လီလီကဆိုးချင်တိုင်းဆိုးနေတော့လေ
မေမေသူ့ကိုဘယ်လိုလုပ်ရင်ကောင်းမလဲတွေးနေတာ"
ဂျီဆူကခပ်ဖွဖွလေးပြုံးရင်း
"မေမေရယ်သူအချိန်တန်လိမ္မာသွားပါလိမ့်မယ်"
"ဟုတ်ပါ့မလားဆူရယ်"
"ဟုတ်ပါတယ်မေမေရဲ့
ဒါနဲ့လေလီလီ့မှာသဘောကျနေတဲ့သူရှိနေပြီသိလား"
"ဟယ်ဘယ်အိမ်ကကလေးများလဲသမီးရယ်"
"အဲ့တာတော့သမီးလည်းမသိဘူး
လီလီကအဲ့တစ်ယောက်ကိုမဒမ်တဲ့လေ"
"ထင်ပါတယ်မိန်းကလေးပဲနေမှာလို့"
"သူတကယ်ချစ်မိနေတဲ့ပုံ"
"အဲ့မိန်းကလေးသာလီလီ့ကို
လိမ္မာလာအောင်စာကြိုးစားချင်စိတ်
ရှိလာအောင်တွန်းအားဖြစ်ပေးနိုင်ရင်ကောင်းမယ်"
"သမီးပြောချင်တာကလည်းအဲ့တာ"
"အခုလည်းကြည့်ညနက်နေပြီ
အိမ်ပြန်မရောက်လာသေးဘူး
ဟိုနေ့ကလည်းနှုတ်ခမ်းကွဲလို့
ဘယ်သူတွေနဲ့ရန်ဖြစ်လာလည်းမသိ"
"လီလီ့အကြောင်းလည်းသိသားမေမေရယ်"
"ကဲပါဆူလည်းညဥ့်နက်တဲ့အထိ
စာဖတ်မနေနဲ့နော်လေစိမ်းတိုက်တယ်
တော်ကြာဖျားသွားအုန်းမယ်"
"ဟုတ်ကဲ့မေမေ"
အိမ်ထဲပြန်ဝင်သွားတဲ့
မေမေ့ကိုကြည့်ရင်းဂျီဆူပြုံးလိုက်ပြီး
"အဲ့ဒဏ်ရာသာမဒမ်ဆိုတဲ့
မိန်းကလေးကြောင့်ရခဲ့မှန်း
မေမေသိသွားရင်သွားပြီ"
စာအုပ်ကိုပြန်ဖွင့်ရင်း
ဖတ်ဖို့ပြင်တဲ့အချိန်
ပေါ်လာပြန်တဲ့မျက်နှာလေးကြောင့်
ခေါင်းကိုခါပစ်လိုက်သည်
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
