ကျောင်းထဲကကျောင်းသားတွေ
တရုန်းရုန်းဖြစ်နေကြပြီး
ဆူညံနေလို့ဘာရယ်မဟုတ်
လီဆာကျောင်းပေါက်ဝကို
အကြည့်တွေရောက်သွားတယ်
"ဘာဖြစ်ကြတာလဲ"
အန်နာဟာလည်းသူ့လိုပဲ
စိတ်ဝင်တစားကြည့်နေရင်းမေးတယ်
"ကျောင်းသားတွေရုတ်ရုတ်သဲသဲ
ဖြစ်နေမှတော့သေချာတယ်
အရမ်းလှတဲ့မိန်းမလာလို့ပဲ"
ဘမ်ပြောတဲ့စကားကိို
လီဆာနဲ့အန်နာထောက်ခံတဲ့အနေနဲ့
ခေါင်းလေးတွေတငြိမ့်ငြိမ့်
"ဘယ်သူလာတာမို့လို့
အဲ့လောက်ဖြစ်ပျက်နေကြတာလဲ"
လီဆာကျောပိုးအိတ်ကို
ကန့်လန့်ဖြတ်ပြောင်းလွယ်ရင်း
စီးကရက်ဘူးထဲကတစ်လိပ်ယူကာ
မီးညှိနေလေတယ်
မဒမ့်ကိုဆေးလိပ်မသောက်တော့ပါဘူးလို့
ကတ်ိပေးထားတာကိုလီဆာသိပါတယ်
တမင်ချိုးဖောက်တာလည်းမဟုတ်ပါဘူး
အထက်တန်းကတည်းကစွဲခဲ့တော့
အခုထိတမ်းတနေမိတယ်
အရင်ထက်တော့လျော့သောက်နေပါတယ်
"လီဆာရား...အဲ့တာအစ်မဂျန်းနီမလား"
အဟွတ်!!!အဟွတ်!!!
ဘမ့်စကားကြောင့်လှမ်းကြည့်တော့ဟုတ်နေတာပဲ
လီဆာရဲ့မိန်းကလေးမဒမ်...
ဒါဆိုဟိုကောင်တွေငမ်းနေတာမဒမ့်ကိုပေါ့...
လက်တွေတောင်ယားလာသလိုပဲ
တစ်ယောက်ချင်းဆီဆွဲထိုးချင်တာ...
လီဆာဆိုတာစီးကရက်
စသောက်တုန်းကတောင်အငွေ့မသီးခဲ့ဖူးဘူး
မဒမ့်ကြောင့်ဘဝမှာပထမဆုံး
အဟွတ်အဟွတ်ဖြစ်တာ...
ဟိုကောင်တွေနှာဘူးကျလည်းကျစရာ
မဒမ်ကလှချင်တိုင်းလှမိုက်ချင်တိုင်းမိုက်နေတာ
"စီးကရက်တွေပြန်သောက်နေတယ်ပေါ့"
လီဆာအတွေးတွေလွန်ရင်းနဲ့
မဒမ်ဟာမျက်စိရှေ့တောင်ရောက်နေပြီ
မဒမ့်စကားကြောင့်
ပါးစပ်ထဲကစီးကရက်ကို
အလိုလိုမြေကြီးပေါ်ပစ်ချပြီး
ဘွတ်ဖိနပ်အထူကြီးနဲ့ချေပစ်လိုက်တယ်
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...
