"နီ.....ဒီမှာမောင်ဝယ်လာပြီ"
လူမရောက်သေးခင်
အသံနဲ့ကြိုအသိပေးပြီး
အာတာပူစီကို
လေထဲမှာဝဲကာပြုံးရွှင်ပြီး
ပြေးလာနေတဲ့မောင့်ကိုကြည့်ပြီး
ဂျန်းပါအပျော်တွေကူးစက်ရတယ်"တစ်ခုပဲဝယ်လာတယ်နော် နီ"
"ဘာလို့လဲပိုက်ဆံမလောက်လို့လား"
ဂျန်းတမင်မေးလိုက်တာပါ
ဒီတစ်ခုတည်းနဲ့နှစ်ယောက်အတူ
ရိုမန့်တစ်ဆန်ဆန်စားရအောင်
မောင်ကအကြံနဲ့ဝယ်ခဲ့မှန်းသိတာပေါ့"မောင့်မှာပိုက်ဆံအပြည့်ပါနော်
ချစ်ချစ်ခင်ခင်စားရအောင်လို့
တစ်ခုတည်းဝယ်လာတာ"နှုတ်ခမ်းလေးတစ်စူစူနဲ့
ပြောနေတဲ့ဘဲပေါက်လေးဟာ
သိပ်အသဲယားစရာကောင်းတာ"ဟုတ်ပါပြီမောင်ရယ်
တို့ကတမင်စ,လိုက်တာပါ""အာ့ဆိုအပြစ်အနေနဲ့
နီမောင့်ကိုခွံကျွေးရမယ်""ဟယ်တော့...ကိုယ့်ဘာသာကိုစားလေ"
"နိုးပါ...ခွံကျွေးရမှာပဲမရဘူး"
"ဟုတ်ပါပြီရှင်...တို့ရဲ့အဂျစ်လေးကို
အရှုံးပေးပါတယ်..."မွ!!!
မောင့်ကိုအသဲယားလွန်းလို့
သူ့ပါးလေးကိုနမ်းလိုက်ကာမောင့်ကိုကြည့်တော့ပြုံးနေတာများ
ပုရွတ်ဆိတ်တောင်တက်တော့မယ်"အဲ့လောက်ထိုပြုံးမနေနဲ့
တော်ကြာငယ်ငယ်ရွယ်ရွယ်နဲ့
မင်းဆီးချိုဖြစ်နေမယ်"မောင့်ကိုခပ်ရွဲ့ရွဲ့ပြောတော့
မောင်ကပါးကိုဖျတ်ခနဲနမ်းသွားတယ်"မင်းနော်လူကိုအငိုက်ဖမ်းတယ်"
"ကိုယ့်ချစ်သူကိုနမ်းတာပဲကို"
မောင်ဟာပခုံးလေးတွန့်ပြရင်း
စကားဆိုနေတာများဘယ်လိုလေးမှန်းမသိဂျန်းပြောဖူးသလိုပဲ
မောင့်ရဲ့ဂျစ်ကန်ကန်နိုင်တဲ့
အကျင့်တွေကပျောက်မသွားဘူးတစ်ခါတစ်လေမောင်စကားပြောရင်
ထောင့်မကျိုးချင်စရာဖြစ်နေတုန်းဒါပေမယ့်လည်းဂျန်းကတော့
အဲ့အဆိုးအဂျစ်လေးကိုမှ
သည်းသည်းလှုပ်ချစ်မိသွားတာ...
YOU ARE READING
အဂျစ်လေးရဲ့အိန္ဒြေရှင်မဒမ်(Completed)
Fanfiction(Uni×ZG) လီလီလေမဒမ့်ကို ဖဲချပ်တွေထက်ပိုသဘောကျတယ် စီးကရက်တွေထက်ပိုမြတ်နိုးတယ် ကြောင်လေးတွေထက်လည်းပိုချစ်တယ် "မဒမ်သာပြန်ချစ်မယ်ဆို လီလီရဲ့အကျင့်တွေကိုပြုပြင်ပါ့မယ်" {ဤဇာတ်လမ်းတွေပါဝင်သောဇာတ်ကောင်များသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ မည်သည့်idolကိ...