အခန်း(၁)

19.3K 505 34
                                    

Unicode

"ငါလိုချင်တာ အသစ်"

သူမတောင်းပန်နေခဲ့ပြီး ကြောက်လန့်လွန်းလို့ တုန်ရီအေးစက်နေခဲ့သည်။ လက်အုပ်များချီကာ အမြုပ်ထွက်မတတ် တောင်းပန်နေပါသော်ငြား ရှေ့မှလူ၏ အတွေးအာရုံထဲသို့ ထိုစကားများ ထွင်းဖောက်ဝင်ရောက်သွားနိုင်ပုံမပေါ်ပေ။

ရေခဲတမျှအေးစက်လွန်းသော မျက်ဝန်းသေများက တည်ငြိမ်စွာပင် သူမအားစိုက်ကြည့်နေခဲ့ပြီး ခံစားချက်ဟူ၍ စိုးစဉ်းမျှရှိပုံလည်းမရပါပေ။ သူမသိပ်ကိုကြောက်ရွံ့နေခဲ့ပြီး လိမ်ညာမိခဲ့ခြင်းအတွက် နောင်တကြီးစွာရနေတော့၏။

"မင်းသိလား?"

သူမချက်ချင်းမော့ကြည့်လိုက်ပြီး စကားစလာသည့် လူ၏မျက်ဝန်းထဲ ခွင့်လွှတ်ခြင်း အရိပ်အယောင်တို့အား ရှာဖွေသော်ငြား ခက်ထန်လာသောအသွင်အပြင်တို့ကိုသာ တွေ့ရှိလိုက်ရသောကြောင့် မျက်ရည်များသာ ပိုးပေါက်ကျလာတော့သည်။

"မငိုနဲ့လေ ငါကလူကောင်းပါ"

ယုံချင်စရာတစ်စက်မရှိသော်လည်း၊ ယုတ်မာလွန်းသည့်နေရာတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လှပါသောလူအား ယုံချင်စရာတစ်စက်မရှိသော်လည်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားရလောက်တဲ့အထိ အေးစက်မှုမျိုးကြီးနှင့် စူးရဲစွာအကြည့်ခံရသည့်အခါ သူမဒူးတွေပင်ညွှတ်ခွေတော့မတတ်။ ခေါင်းသာငြိမ့်ပြရင်း ဘာမဆိုလက်ခံမိတော့သည်။ အပြင်လူတွေပြောပြောနေသည့် ထိုလူ့မျက်ဝန်းများဟာ သေဆိုသေရှင်ဆိုရှင် လုပ်နိုင်စွမ်းရှိသည်ကို ကိုယ်တိုင်ကြုံမှပဲလက်ခံလိုက်ရတော့သည်။

"ငါကမိန်းမတွေအပေါ်မှာ သနားကြင်နာတတ်ပါတယ်"

"တောင်း...ဟင့်..တောင်းပန်ပါတယ်..!"

ခပ်အေးအေးလက်ချောင်းများက ပါးပြင်သို့တမင်လာထိနေသည့်အခါ သူမ၏နှုတ်မှ တောင်းပန်စကားသံခပ်တိုးတိုးထွက်ကျလာတော့သည်။ ချောင်ပိတ်ဖမ်းခံရသည့် ယုန်ငယ်လိုမျိုး ဒီအင်အားကြီးမားပြီးဉာဏ်များတဲ့ မြေခွေးလိုလူဆီမှာ ခယတောင်းပန်ရုံကလွဲပြီး ဘာမှမရှိတော့ပါ၏။

Even The Devil , Once An Angel(COMPLETED)Donde viven las historias. Descúbrelo ahora