6 (U)

201 22 1
                                    


အပိုင်း ( ၆ )

ဖုန်း contact နာမည်ကို စူးခနဲ စိုက်ကြည့်နေသော ထွဋ်မြတ်ဧ။် မျက်လုံးများသည် မလုံမလဲဟန်ဖြင့် မျက်တောင်တဖျတ်ဖျတ် ခတ်လို့သွားသည်။ မျက်နှာအပျက်အပျက်အယွင်းယွင်း ဖြစ်နေရင်း မသိလိုက်မသိဘာသာဖြင့်လည်း ရွှေပြည်တန် လှမ်းများကြည့်နေသလားဟု မျက်လုံးထောင့်ကပ်ကာ အကဲခတ်ဖြစ်အောင် ခတ်လိုက်သေးသည်။ ရွှေပြည်တန်ကတော့ အလိုက်သိတတ်သူပီပီ အကြည့်များကို လမ်းမဘက်ပို့ထားသည်မို့ ထွဋ်မြတ်ဧ။် အမူအရာ ပျက်ယွင်းနေမှုများကို စိုးစဉ်မျှ မသိလိုက်ပါပေ။

လင်းနေဆဲဖြစ်သည့် ဖုန်းမျက်နှာပြင်ပေါ်မှ 'ခေါင်မြတ်' ဟူသော စာလုံးလေးနှစ်လုံးကပင် ထွဋ်မြတ်အား ဇောချွေးပြန်စေသည်။ ဖုန်း power ခလုတ်ကို အားပါပါနှင့် ဖိနှိပ်ကာ ဖုန်းကို အပြီးတိုင် ပိတ်ချပစ်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်သည်။

..ခေါင်မြတ်.. မင်း ဘာလာနှောင့်ယှက်ချင်နေသေးပြန်တာလဲ...

.....

ရွှေပြည်တန်တစ်ယောက် ရိုက်ကူးရေးစသည့်အချိန်ကစလို့ တစ်ချိန်လုံး တုံးလုံးနီးပါး နေခဲ့ရပြီးသည့်နောက် ဒီနေ့ရိုက်ရမည့် ဇာတ်ဝင်ခန်းအရ ပထမဆုံးအကြိမ်အဖြစ် ပိုးထည်အဝတ်ပါးပါး ဖြူဖြူလေး တစ်ထပ်ကို ဝတ်ဆင်ခွင့်ရလေပြီ။ အပြာရောင် မျက်ကပ်မှန်နှင့်လည်း အတော်လေး နေသားကျလာကာ ဆံပင်အတုကလည်း အရင်ကလောက် သိပ်စိတ်ဒုက္ခမပေးတော့ပေ။

ဒီနေ့အခန်းသည် နွေဦးနတ်ဘုရားမ ခန်းမဆောင်မှာ ပန်းပွင့်ပြာမင်းသားငယ် အိပ်ရာက နိုးလာပြီးနောက် မိဖုရားခေါင် ဇာမဏီအရှင်မနှင့် တွေ့ဆုံကြသည့် ဇာတ်ဝင်ခန်းပင်။

ရွှေပြည်တန် ဇာတ်ညွှန်းစာအုပ်ကို အသာဖွဖွ ဆုပ်ကိုင်ထားရင်း သက်ပြင်းချလိုက်မိသည်။

...သြော် အချစ်ကြီးလိုက်တဲ့မိန်းမ...

နဂါးအရှင် ဘုရင်မင်းမြတ်ရဲ့ မိဖုရားခေါင်ကြီးပီပီ ဇာမဏီအရှင်မဟာ သိပ်ကိုမာနကြီးပြီး ရဲရင့်ထက်မြက်သည့် မိန်းမတစ်ယောက်အဖြစ် ဝံ့ဝံ့ကြွားကြွား ရှင်သန်နေထိုင်ခဲ့တယ်မဟုတ်လား။ ဒါပေမယ့် အဆုံးသတ်မှာတော့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ သနားစရာကောင်းတဲ့ မိန်းကလေးရယ်သာ။

ရွှေပြည်တန်Where stories live. Discover now