5 (U)

292 33 4
                                    

ရွှေပြည်တန်
အပိုင်း ( ၅ )

ခံနိုင်ရည်ရှိသည်ထက် ပိုလွန်ကာ တင်းခံနေပါသော်ငြား အတိုင်းအဆမဲ့ နာကျင်ရလွန်းတဲ့ ဝေဒနာတွေကြောင့် မျက်လုံးတွေပြာလာပြီး အာရုံငါးပါးနှင့် ခေတ္တအဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက် ဘယ်လောက်ကြာကြာ မေ့မျောသွားရသည်ဆိုတာကို သူ့ကိုယ်သူ မသိတော့ပေ။ မွှေးပျံ့နေသော ရနံ့ခပ်သင်းသင်းကို ရှုရှိုက်မိသည့်အခါမှသာ အသိပြန်ကပ်လာတော့သည်။ မျက်လုံးဖွင့်ကြည့်မိတော့ မီးအိမ်မှ အလင်းမှိန်မှိန်ကို မြင်ရသည်။

သူ လှဲလျောင်းအိပ်စက်နေတဲ့နေရာသည်ကား.. ဖြူလွှလွှပိုးထည်ဖြင့် အမိုးပြုလုပ်ထားသည့် ညောင်စောင်းထက်။ အိစက်နေသော အခင်းနှင့် နူးညံ့သော ခြုံစောင်ကြောင့် သက်တောင့်သက်သာ ဖြစ်လို့နေသည်။ ဘေးဘီဝဲယာကို ကြည့်တော့.. အခုနက အရှင့်ရဲ့ စက်တော်ဆောင်ခန်းမှာ မဟုတ်မှန်း သတိထားမိလိုက်ဧ။်။ ဘယ်ကိုရောက်နေတာပါလိမ့်ဆိုတဲ့ အတွေးနှင့်အတူ သိပ်မကြာခင်အချိန်ကမှ အရှင်နှင့် ဖြစ်ပျက်ခဲ့သည့် ရင်တသိမ့်သိမ့်တုန်စရာ အဖြစ်အပျက်တွေက ခေါင်းထဲဝင်လာလေသည်။

နှီးနှောစပ်ယှက်ခြင်းသည်ကား ချစ်ခြင်းဧ။်တစ်စိတ်တစ်ပိုင်းဖြစ်ပေမဲ့ အရှင်ကတော့ ဒီပန်းပွင့်ပြာကို ချစ်သည်ဟု တစ်ခွန်းမျှမဟခဲ့။ ချစ်ကြောင်းကိုပင် မပြခဲ့။ စိတ်အလိုဆန္ဒပြည့်ဝဖို့ကိုသာ အဖြည့်ခံအဖြစ် ကြမ်းကြမ်းတမ်းတမ်း အသုံးချခဲ့ခြင်းရယ်သာ။

နတ်ဘုရားပေးသနားတဲ့ ကောင်းချီးမင်္ဂလာဆိုပေမယ့်၊ ပန်းပွင့်က လူဖြစ်ရပေမယ့်၊ အမတ မသေမျိုးဆိုပေမယ့်၊ ဒီက ပန်းပြာတစ်ပွင့်မှာလည်း ချစ်တတ်တဲ့ နှလုံးသားပါတယ်ဆိုတာကို နဂါးအရှင် ဘုရင်မင်းမြတ်က သတိမမူမိသည်ထင့်။ သူ့အပေါ်မှ အုပ်မိုးကာ အာသာတငမ်းငမ်း ဖြစ်နေသော အနှီလူသားဘုရင်ကိုမှ ဟောဒီ့အမတမျိုးနွယ်က ချစ်မိသည့်အချစ်ဟာ တစ်ဖတ်သတ်များ ဖြစ်နေလေရော့သလား။

ဝမ်းနည်းစိတ်ဖြင့် ဝေ့၀ဲတက်လာသည့် မျက်ရည်စများအား အတင်းပုတ်ခတ်သိမ်းရင်း ခြုံစောင်အနားစကိုပဲ ခပ်တင်းတင်း ဆုပ်ကိုင်ခြေမွနေမိတော့သည်။

ရွှေပြည်တန်Where stories live. Discover now