15 (U)

186 15 3
                                        

အပိုင်း ( ၁၅ )

အားအင်ကုန်ခမ်းသွားရှာသော ရွှေပြည်တန်သည် ထွဋ်မြတ်ရဲ့ရင်ခွင်ထဲ၌ပင် အိပ်ပျော်သွားလေသည်။ ငိုရင်းတန်းလန်းဖြင့် မောလို့ အိပ်ပျော်သွားသည်မို့ အိပ်နေရင်းကို ရှိုက်နေတုန်း။ ရိုက်ကွင်းရှိရာ ဆက်တင်တစ်ခုလုံးမှာ လူတစ်ဦးတစ်ယောက်မှမရှိတော့တာ သေချာအောင် အထပ်ထပ် အခါခါ စစ်ဆေးပြီးတဲ့အခါ ကောင်းမြတ်က မိတ်ကပ်ခန်းထဲမှ ထွက်လို့ရပြီဖြစ်ကြောင်း လာပြောသည်။

ထွဋ်မြတ်က ရွှေပြည်တန့်အား ပွေ့ချီလိုက်ရင်း နားမလည်နိုင်စွာ ရပ်ကြည့်နေသော ကောင်းမြတ်ဘက်ကို လှည့်လိုက်ကာ..

" အခုချိန်မှာ မင်းကို ငါ သိပ်အများကြီးရှင်းပြလို့မရပေမဲ့ ရွှေပြည်တန်က ငါ့အတွက် လုပ်ဖော်ကိုင်ဖက်သက်သက် မဟုတ်ဘူးဆိုတာတော့ မင်းကို ပေးသိထားချင်တယ်.. ငါ တချိန်လုံး ကြိုးစားပမ်းစား လုပ်လာခဲ့တာ သူနဲ့ ပြန်တွေ့ရဖို့အတွက်ပဲ.. ရှေ့လျှောက်လည်း ရွှေပြည်တန်နဲ့ပတ်သတ်ပြီး ဒီလို လူသိခံလို့မရတဲ့ကိစ္စမျိုးတွေမှာ မင်း ရှိနေမှဖြစ်မှာ.. အဲ့အတွက် မင်း ငါ့ကို ကူညီပေးနိုင်မလား ကောင်းမြတ်.."

လေးလေးနက်နက်ရှိလှသည့် ထိုစကားများကြောင့် ကောင်းမြတ် ခဏတာတော့ ဆွံ့အသွားရသည်။

ကြိုးစားလာခဲ့တယ်ဆိုတာ ဘယ်အချိန်ကလဲ.. ဒီပန်းပြာတစ်ပွင့်ကို ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ စိတ်ကူးရှိခဲ့ကတည်းကလား.. ဒါမှမဟုတ်.. နဂါးအရှင် ဘုရင်မင်းမြတ် ဖြစ်ချင်လို့ပါလို့ ပြောခဲ့တဲ့အချိန်ကတည်းကလား။

...ဟင်.. နေပါအုံး.. ကိုထွဋ်မြတ်က နဂါးအရှင် ဘုရင်မင်းမြတ် ဖြစ်ချင်တာဆိုတော့.. ဒါ.. ဒါဆို.. ရွှေပြည်တန်က ပန်းပွင့်ပြာမင်းသား.. အာ.. မဟုတ်တာ.. ဒီခေတ်ကြီးထဲ ဒါတွေမဖြစ်နိုင်တာပဲ.. လူဝင်စားတယ်ဆိုရင်တောင် ဒီလောက်တိုက်ဆိုင်နိုင်မလား.. မဖြစ်နိုင်တာကြီး...

သူ့ဘေးနားရှိ လူယုံတစ်ယောက်ဖြစ်သည့် ကောင်းမြတ်၏ အတွေးများအား ထွဋ်မြတ် အလိုအလျောက် ရိပ်စားမိပါသည်။ သို့သော် ခရေစေ့တွင်းကျ ရှင်းပြဖို့အထိတော့ မလိုအပ်ပါဘူး။ ဒီအချိန်မှာ သူ ဘာကိုမှ ထုတ်ပြောလို့မရဘူးမဟုတ်လား။ ရင်ခွင်ထဲရှိ ရွှေပြည်တန်အား နွေးထွေးယုယစွာ ငုံ့ကြည့်လိုက်ရင်း..

ရွှေပြည်တန်Donde viven las historias. Descúbrelo ahora