21 (U)

199 10 2
                                    

ရွှေပြည်တန်

အပိုင်း (၂၁)

...စိတ်လှုပ်ရှားနေရာကနေ စိတ်ငြိမ်သွားတဲ့ အမူအရာလေး၊ နောက်.. ရှက်သွားလို့ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်တာလေးတွေကအစ သိပ်ကို သဘောကျရပါတယ် ပန်းပွင့်ပြာရယ်...

ကင်မရာမီးရောင်တွေ လက်နေတဲ့ကြားက သူ ထိန်းမရနိုင်စွာပဲ ရွှေပြည်တန့်ဘက်ကို ခဏခဏ စောင်းလို့ငဲ့ကြည့်နေမိတယ်။

ငြိမ်ငြိမ်လေး ထိုင်နေရင်း ပြုံးနေတဲ့ မျက်နှာလေးက သူ့ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို အေးချမ်းစေတယ်။ ရွှေပြည်တန် သို့မဟုတ် ဒီပန်းပွင့်ပြာလေးသာ ဘေးနားမှာ ရှိပေးမယ်ဆိုရင် ဘာမဆို သူ ရင်ဆိုင်နိုင်လိမ့်ဦးမှာပါပဲ။

ဒီလိုလေးသာ သူ့ဘေးမှာ ရှိနေမယ်ဆိုရင်လေ...

စူးရှလွန်းတဲ့ ကင်မရာမီးတချက်အလက်မှာ ပစ္စုပ္ပန်ကနေ အတိတ်ဆီသို့ ဆောင့်ဆွဲအခေါ်ခံလိုက်ရသည်။

နွေဦးကန်သာစံအိမ်ကို စောင့်ကြပ်နေတဲ့ ရဲမက်တွေရဲ့ နေရာယူပုံ၊ ကင်းပုန်းဝပ်ပုံတွေကို ဟင်နရီတစ်ယောက် အတော်အတန်ကြာအောင် လေ့လာသိရှိပြီးမှ ပထမဆုံးအကြိမ် ဒဏ္ဍရာနန်းတော်ထဲသို့ ခိုးဝင်ခဲ့လေပြီ။

ဒဏ္ဍရာနန်းတော်တံတိုင်းများသည် မြင့်မားခိုင်ခန့်ပါသော်ငြား၊ နန်းတော်ဝင်ပေါက်များတွင် စစ်သည်ရဲမက်များ အခိုင်အမာဖြင့် စောင့်ကြပ်ထားပါသော်ငြား ပြီးပြည့်စုံစွာ လုံခြုံသော နေရာဟူသည်မရှိ။ ဒဏ္ဍရာနန်းတော်၏ အားနည်းချက်သည်ကား နန်းတော်၏ အနောက်ဘက်တွင်ရှိ နန်းတော်ထဲမှ အစေခံများ နာမကျန်းပါက ထွက်ခွါခွင့်၊ သေဆုံးပါက အလောင်းထုတ်ခွင့်ရှိသော မလွယ်ပေါက်တစ်ခုသာ။ ထိုမလွယ်ပေါက်အား စောင့်ကြပ်ရသူသည် ဟင်နရီအဝင်အထွက် တစ်ခါလုပ်တိုင်း ဘဝတွင် အိမ်မက်မျှ မမက်ဖူးသော ရွှေတုံးများ ရရှိမည်ဟု အပေးအယူလုပ်ထားပြီးသား ဖြစ်သည်။

ကန်တော်သာလျှောက်လမ်းပေါ်က ဖြတ်လျှောက်ကာ အိပ်ဆောင်ဆီ ပြန်သွားသော အထိန်းတော်ကြီးအား စောင့်ကြည့်ရင်း ဟင်နရီ ရေကန်ထဲသို့ အသာလေး ဆင်းချသွားသည်။ ငြိမ်သက်နေသည့် ကန်ရေပြင်သည် လေပြည်တိုက်သည့်နှယ် လှိုင်းထသွားပြီးနောက် ဘာမှမဖြစ်ခဲ့သလိုမျိုး ပြန်ငြိမ်ကျသွား၏။

ရွှေပြည်တန်Where stories live. Discover now