19 (U)

181 9 2
                                    

အပိုင်း ( ၁၉ )

ထိုရိုက်ချက်ခပ်ပြင်းပြင်းကြောင့် တော်ဝင်ပြာ ပန်းတစ်ပွင့်မင်းသား၏ ဆံထုံးပေါ်သို့ ရောက်လုရောက်ခင်ရှိ ငွေမှင်ရောင် ပုလဲဆံထိုးမှာ မြေသို့ခရရှာ၏။ မင်းသားဟင်နရီသည် အနှီရိုင်းစိုင်းသော လက်ပိုင်ရှင်အား လှည့်ကြည့်လိုက်စဉ် မီးတောက်မီးညွှန့်များ ထတောက်မတတ် ဖြစ်နေသည့် မျက်ဝန်းညိုများဖြင့် ရင်ဆိုင်ရလေပြီ။

" ဒါ ဘာသဘောလဲ အိမ်ရှေ့စံ.."

ဟင်နရီက အံကို ခပ်တင်းတင်း ကြိတ်လိုက်ကာ..

" မင်းသားငယ်နဲ့ မြင်လျှင်မြင်ခြင်း ခင်မင်ရင်းနှီးမှု ရှိကြသောကြောင့် အထိမ်းအမှတ်အဖြစ် အပ်နှင်းတဲ့ လက်ဆောင်ပါ နဂါးအရှင်.."

အမှုများကို ကြားနာစစ်ဆေးအပြီး နတ်ဘုရားများ ပူဇော်ပသပွဲ ကျင်းပဖို့ရာ အချိန်လိုသေးသဖြင့် ပန်းပွင့်ပြာ လာရာလမ်းတစ်လျှောက်မှ စောင့်ကြိုမယ်ဟု တွေးရင်း လမ်းလျှောက်ထွက်လာသည့် နဂါးအရှင်မှာ ဥယျာဉ်တော်ထဲအရောက် ပန်းပွင့်ပြာ၏ ဆံနွယ်ထုံးပေါ်သို့ မင်းသားဟင်နရီက ဆံထိုးလက်ဆောင် ဆင်ယင်ပေးလုဆဲဆဲ အခြေအနေအား မြင်တွေ့သွားခြင်း ဖြစ်သည်။

ဒီလိုနေ့ ဒီလိုပွဲတော်ချိန်ခါမှာ ဒီလိုဆံထိုးလက်ဆောင် ပေးတယ်ဆိုတာ သဘောရိုးတော့ မဖြစ်နိုင်။

တစ်ချိန်လုံး ပန်းပွင့်ပြာအား မြင်ဖူးချင်ပါတယ်လို့ ပေါ်တင်တမျိုး၊ သွယ်ဝိုက်၍တမျိုး ကြိုးစားနေသော ထိုနေမာရီအိမ်ရှေ့စံဟာ အခုလို နန်းတွင်းတစ်ခုလုံး အလုပ်ရှုပ်နေတုန်း အခွင့်ကောင်းယူ လက်ဆုပ်လက်ကိုင်ပြုတာပဲ ဖြစ်ရမယ်။

နဂါးအရှင်သည် တွေးရင်းဖြင့်ပင် ဒေါသမထိန်းနိုင်ပဲ ထိုဆံထိုးအား ပန်းပွင့်ပြာ၏ ဆံနွယ်ထုံးပေါ် မရောက်ခင် အချိန်မှီ ရိုက်ချလိုက်ခြင်းသည်သာ။

ဒဏ္ဍရာပြည်သားကဲ့သို့ ပုံစံတူ ဝတ်စားထားပေမယ့် လှိုင်းတွန့်ဆံနွယ်များကြောင့် တပြည်သားမှန်း သိသာလွန်းနေသည့် ဟင်နရီအား နဂါးအရှင်က ပွင့်ပွင့်လင်းလင်းပင် မနှစ်မြို့ဟန်ဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်ကာ ပြောသည်။

ရွှေပြည်တန်Where stories live. Discover now