20 (U)

83 10 2
                                    

ရွှေပြည်တန်

အပိုင်း ( ၂၀ )

> ရှူတင်ရောက်နေပြီလား.. ကိုယ် အခုလာနေပြီနော်.. ချောကလက် milkshake ဝယ်ခဲ့တယ်..

> မြန်မြန်ရောက်ချင်တာကို ကားလမ်းတွေက ပိတ်နေတယ်..

> ကိုယ်လာမှ ဇာတ်ညွှန်းဖတ်မယ်လို့ ပြောထားမှာမို့ မင်း အေးအေးဆေးဆေး နားနေလိုက်အုံး..

တတင်တင် တတောင်တောင် ရောက်လာသော စာများကြောင့် ရွှေပြည်တန် ထိန်းထားသည့်ကြားမှပင် ပြုံးမိလိုက်သည်။ reply မြန်မြန်ပြန်လိုက်ဖို့လည်း မမေ့ပေ။

> ဟုတ်ကဲ့ ကိုထွဋ်မြတ်..

ပန်းပွင့်ပြာဘဝကို ပြန်မှတ်မိပြီးနောက်ပိုင်း ကိုထွဋ်မြတ်ကလည်း သူ့အပေါ်ကို ပိုဂရုစိုက်ပေးလာပြီး ရိုက်ကူးရေးကြောင့်ရော၊ ဇာတ်ကားအတွက် အတူတူ ပြင်ဆင်ရတာတွေရောနဲ့ နှစ်ယောက်သား အတူရှိရတဲ့ အချိန်တွေ ပိုများလာတာမို့ ရင်းရင်းနှီးနှီး ဖြစ်လာခဲ့ကြတယ်။

ကိုထွဋ်မြတ်ဘက်ကတော့ အလုပ်သဘောအရ၊ စိတ်ဝင်တစား သဘောကျ သရုပ်ဆောင်ရတဲ့ ကာရိုက်တာတွေအရအပြင် ပန်းပွင့်ပြာ ပြန်ဝင်စားတဲ့ သူ့ကို လိုတာထက် ပိုမိုရင်းနှီးလာတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါဆို သူ့ဘက်ရော။ သူ့ဘက်ကတော့ ထွဋ်မြတ်ဆိုတဲ့ လူကို နဂိုလေးစားရင်းစွဲစိတ်ကနေ ဟိုးအရင်ကတည်းက ခင်မင်ရင်းနှီးစိတ်ရှိခဲ့တဲ့သူပီပီ သံယောဇဉ်ပိုတိုးလာခဲ့တာလည်း ထူးဆန်းတယ် မပြောသာပါဘူးလေ။

ဒီလိုနဲ့ သူ့စိတ်ထဲက နာကျင်စရာတွေဟာလည်း တဖြည်းဖြည်း အနည်ထိုင်လာခဲ့တယ်ပဲ ပြောရမယ်။

" ရွှေပြည်တန်.. မိတ်ကပ်လိမ်းရအောင်လေ.."

" ဟုတ် အမ.. လာပြီ.."

လွန်ခဲ့တဲ့ တစ်လက သူ မုဒ်အဝင်လွန်ပြီး အငိုရပ်မရလို့ အဲ့နေ့မှာပဲ ရှုတင်ချက်ချင်းနားလိုက်ရတဲ့အကြောင်းနဲ့ မျက်လုံးတွေ ယောင်သွားတာမို့ ၃၊ ၄ ရက်လောက် ရိုက်ကူးရေးမလုပ်ဖြစ်ခဲ့တဲ့အကြောင်းတွေကလည်း အားလုံးအတွက် မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပြီ။

သူကိုယ်တိုင်လည်း အရင်ဘဝရဲ့ အဖြစ်အပျက်တွေကို မှတ်မိနေရခြင်းအား လက်ခံလိုက်ပြီး လက်ရှိဘဝမှာ အကောင်းဆုံး ကြိုးစားနေထိုင်ဖို့သာ အရေးအကြီးဆုံးဟု ခံယူထားတော့တယ်။

ရွှေပြည်တန်Where stories live. Discover now