ရွှေပြည်တန်
အပိုင်း ( ၁ )“ ဒီဇာတ်ကားကို တကယ်ကြီး ရိုက်တော့မလို့လားဗျာ..”
ကောင်းမြတ်ဆိုသော ယောကျာ်းငယ်လေးတစ်ယောက်ဧ။် မရဲတရဲ ကန့်ကွက်သံပါနေတဲ့ စကားကြောင့် တစ်ဖက်လူရဲ့ နှုတ်ခမ်းပါးထောင့်စွန်းလေး နှစ်ဖက်မှာ သိသိသာသာပင် ကော့တက်သွားလေသည်။
ကင်မရာရှေ့မှာ ပြုံးပြတတ်သော သေသေသပ်သပ် အပြုံးများနှင့် တထပ်တည်း။ ထိုလူဧ။် အပြုံးလှလှလေး နောက်ကွယ်မှာ မည်သို့သော အဓိပ္ပာယ်များ ရှိနေသည်ကို မသိရပေ။ ထိုသို့အပြုံးလေးကိုတော့ဖြင့် ထိုလူရဲ့ သဲသဲလှုပ် ချစ်လှစွာသော ပရိသတ်များက Angel Smile ရယ်လို့ တင်စားကြသတဲ့။
သို့သော် ဒီအပြုံးသည် ကောင်းမြတ်အတွက်ကတော့ သေမင်းတမန်အပြုံးအလား။ ဒီအပြုံးရဲ့ နောက်ကွယ်မှာ ဘယ်လောက်တောင် ပြတ်သားနိုင်မှုတွေ ရှိနေတတ်သလဲဆိုတာ သူသာလျှင် အသိဆုံးဖြစ်နေသောကြောင့်ပင်။
တားနေလည်း ရမှာမဟုတ်သော တစ်ဖက်လူရဲ့အကြောင်းကို ကောင်းမြတ်မှာ အူမချေးခါးမကျန် သိနေသူပီပီ သက်ပြင်းတိုးလေးပဲ ချလိုက်ရင်း ပြောလိုက်ရတော့သည်။
“ ကိုထွဋ်မြတ် သေချာရင် ပြီးတာပါပဲ..”
ကောင်းမြတ်သည် မန်နေဂျာတစ်ယောက်သာ။ သူ့အလုပ်ဧ။် သူဌေးဖြစ်သူက လုပ်ချင်နေပါတယ်ဆိုသော ကိစ္စများကို နေရာတကာ လိုက်တားနေလို့ ဘယ်လိုလုပ်ရပါ့မလဲလေ။ ဘယ်အလုပ်မဆို စိတ်ရောကိုယ်ပါ နစ်ဝင်နေအောင် လုပ်တတ်တဲ့ဒီလူက ဒီဇာတ်ကားရိုက်ကူးရေးအတွက် ပရောဂျက်ကြီးတစ်ခုလုံးကို ဦးဆောင်မည်ဆိုကတည်းက သူပါ နှစ်ဆ ပင်ပန်းတော့မည်ကို ကြိုတွေးလိုက်မိရင်း နောက်တစ်ခါ သက်ပြင်းမောကြီး ထပ်ချမိပြန်တော့သည်။
နောက်ပြီး.. ဒီလို Image ထိခိုက်မှုများလာနိုင်တဲ့ အလုပ်မျိုးကိုမှ ဘာကိစ္စနဲ့ ရွေးလုပ်ချင်နေရတာလဲလို့ ထုတ်မေးလိုက်ချင်တဲ့ စိတ်က တဖွားဖွား ပေါက်နေရသည်။ ကောင်းမြတ်တစ်ယောက် မေးရကောင်းနိုး မကောင်းနိုး ဖြစ်နေပေမဲ့၊ သူ မေးရင်တောင် ပြန်ဖြေချင်မှဖြေတတ်သော သူဌေးမင်းသားကြောင့် စကားလုံးများကို ပြန်မြိုချလိုက်ရလေသည်။