>Unicode Pro<
၀မ်အိမ်တော်....
"အန်ကယ်စစ် ကုမ္ပဏီမသွားဘူးလား "
ကြောင်လှိမ်လှေကားပေါ်မှ အဖြူရောင်ဟူဒီနှင့် ဂျင်းဘောင်းဘီအပြာအား စတိုင်ကျကျ၀တ်ကာ ဆင်းလာသည့် ၀မ်ရိပေါ်။
ဧည့်ခန်း ဆိုဖာပေါ်တွင်ထိုင်ကာ သတင်းစာဖတ်နေသည့် အန်ကယ် '၀မ်စစ်ရန်' က ရိပေါ်စကားအား အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြ၏။
"ရိပေါ်
အန်ကယ်မင်းကို ပြောစရာရှိလို့စောင့်နေတာ"တည်ငြိမ်ရင့်ကျက်သည့် အန်ကယ်စစ်၏ အသံခပ်သြသြက ပြတ်သားစွာထွက်ပေါ်လာခဲ့သည်။
"ပြောလေ အန်ကယ်စစ်
သား အပြင်သွားစရာရှိသေးတယ်"ရိပေါ်က မျက်နှာချင်းဆိုဖာပေါ်၀င်ထိုင်လိုက်တော့ အိမ်တော်ထိန်းက Black Coffeeတစ်ခွက် လာချပေးသည်။
ခြေချိတ်ထိုင်ကာ ကော်ဖီသောက်နေသည့် ၀မ်ရိပေါ်အားကြည့်ကာ ၀မ်စစ်ရန် သက်ပြင်းသဲသဲ့တို့ ချမိ၏။
အရင်တစ်ချိန်က လိမ်မာပြီး ဖော်ရွေတတ်သည့်ကောင်လေးက တစ်နေ့တစ်ခြားအေးစက်ကာ စကားနည်းသွားတာ အချစ်ကြောင့်တဲ့လား။
အမြဲ အပြုံးတို့ဖောဖောသီသီပေးတတ်သည့်ကောင်လေးက အခုနောက်ပိုင်း မျက်နှာထားခပ်တင်းတင်းပဲ နေ;နေတာကလဲ ကောင်လေးတစ်ယောက်ကြောင့်တဲ့လား။
"ကိုစစ်! "
ည၀တ်အင်္ကျီနီရဲရဲနှင့် ၀မ်စစ်ရန်၏ရင်ခွင်ထဲ ပြေး၀င်ထိုင်လိုက်သည့် ကောင်လေးကြောင့် ၀မ်ရိပေါ်က ကော်ဖီသောက်ရင်း မသိမသာပြုံးလိုက်သည်။
"ကိုယ့်အသက် အိပ်ရေး၀၀အိပ်ရရဲ့လား"
၀မ်စစ်ရယ်က ထိုကောင်လေးအား သူ၏ လက်သွယ်သွယ်တို့ဖြင့် ဖက်ထားကာ နှဖူးအား မနက်ခင်းအနမ်းပေးလိုက်၏။
"ဟွန့်! ကိုကလဲ~~~နှဖူးပဲလား"
'မွ! မွ! မွ!'
စူပုတ်ပုတ်ဖြစ်သွားတဲ့ကောင်လေးကြောင့် ၀မ်စစ်ရန်က ထိုကောင်လေး၏ ပါးပြင်နှစ်ဖက်နှင့် နှုတ်ခမ်းနီရဲရဲလေးကိုပါ အနမ်းပေးလိုက်သည့် ၀မ်စစ်ရန်အား ရိပေါ်က စိတ်လေသလိုကြည့်လာသည်။
YOU ARE READING
✨THE ONLY ONE FROM THE HEART🌷(Completed)
Fanfiction🔅ZSWWSZD❕ ❤️Zhanyi Fanfiction💚 ဦးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~ ဉီးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~