Part-12

1.2K 79 2
                                    

>Unicode Pro<

"အား!!!!"

အော်သံစူးစူးလေးတစ်ခုက ရှောင်းအိမ်တော် အပေါ်ထက်အိပ်အခန်းအတွင်းမှ ထွက်ပေါ်လာ၏။

"Hello... ဖြူလုံးလေး
နိုးပြီလား ..Goodmorning ဟီး"

ကြမ်းပြင်တွင် ပက်လက်လန်နေရာမှ ထထိုင်လာသည့်မိန်းခလေးက ကုတင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသည့်ရိပေါ်ကို ပြုံးကာနှုတ်ဆက်၏။

*WTF!!! ငါသူမကို ကန်..ကန်ထုတ်လိုက်တာလား*

"ဆော...ဆောရီး မမ"

"ချစ်ဖို့ကောင်းလိုက်တာ
အဟမ်း....မမနာမည် ရှောင်းရှန်းပါ
ရှောင်းကျန့်က ခလေးနိုးလာရင် လိုအပ်တာတွေပြင်ဆင်ပေးဖို့ မမကို ပြောထားတယ်"

"ဘာလိုအပ်တာလဲဗျ"

"မဂ်လာ၀တ်စုံ လဲဖို့အတွက်လေ
မမက ကူညီပေးမယ်"

"ဟုတ်ကဲ့...သားရေသွားချိုးတော့မယ်"

ရှောင်းရှန်း၏ အကြည့်များက ရိပေါ်ကို မျိုချတော့မတတ်။

ထို့နောက် သူမက အိပ်ယာအား အချိုးကျစွာ ခေါက်သိမ်း၍ ကုတင်ပေါ် ကားကားကြီးထိုင်လျှက် လူယုတ်မာပြုံးလေးပြုံး၏။

*ရှောင်းကျန့်ရယ်....ငါ့မဂ်လာဆောင်တုန်းက နင်စောက်ကျင့်ရုပ်ခဲ့သမျှ ဒီညတော့ အစားပြန်ခံရမယ်
ဗက် ဟက် ဟက်!*

သူမက ပျော့အိစက်နေသော အိပ်ယာအား လက်ဖြင့်တစ်ချက်ထုရင်း တစ်ရက်ကွက်လုံး ကြားရလောက်အောင်ထိ အော်ရယ်နေတော့သည်။
________

အနောက်တိုင်းအင်္ကျီ ၀တ်စုံလေးက ရိပေါ်၏ ကို်ပေါ်တွင် အချိုးကျ ခန့်ငြားထည်၀ါစွာ ရှိနေသည်။

"အိုက်စ်! ချောလိုက်တာ
အသားလေးကလဲ ဖြူဖွေးပြီး ပျော့အိနေတာပဲ"

"မာမီလဲ့ မိတ်ကပ်ပြင်ပေးဖူးတဲ့လူတွေထဲမှာလေ
ဒီမောင်လေးလောက် အသားအရည်ကောင်းတဲ့လူမတွေ့ဖူးဘူးသိလား"

"ရှင်တို့ ကျွန်မခဲအိုလေးကို အလှဆုံးဖြစ်အောင်ပြင်ပေးရမယ်နော်"

ရှောင်းရှန်း၏ စကားအား မိတ်ကပ်ပြင်သည့် မာမီနှစ်ယောက်က ထောက်ခံစွာ ခေါင်းငြိမ့်ပြသည်။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now