Part-16

1.1K 74 2
                                    

>Unicode Pro<

"ကော ဘာလုပ်မို့လဲဟင်"

"ပြောထားတာကို မှတ်မိတယ်မလား"

ရိပေါ်ကတော့ မျက်လုံးလေးပြူးကာ မသိသလိုလုပ်နေ၏။

"ဘာကိုလဲ ကျန့်ကော"

"တကယ်မမှတ်မိဘူးလား ဟမ်!"

တိုးကပ်လာသည့်ခန္ဓာကိုယ်ကြီးနှင့်အတူ အသက်ရှူသံခပ်ပျင်းပျင်း၏ အခိုးအငွေ့တို့ကလဲ ရိပေါ်မျက်နှာထံ ရိုက်ခက်လာပြီဖြစ်သည်။

တစ်ယောက်နှလုံးခုန်သံတစ်ယောက်ကြားလောက်သည့် အခြေအနေကြောင့် ရိပေါ်ကျောပြင်ဟာ ဆိုဖာနောက်မှီပေါ်သို့ ကပ်သွားကာ မြင်လွှာကိုလဲ ချက်ချင်းပိတ်ပစ်လိုက်၏။

'တင်း...တောင်'

"Fuck!"

ထိကပ်လုဆဲဆဲနှုပ်ခမ်းနှစ်စုံဟာ လူခေါ်ဘဲလ် အသံ​​ကြောင့် စင်တီမီတာအနည်းငယ် ကွာဟသွားစေခဲ့ပြီးရှောင်းကျန့်ထံမှ ဆဲသံခပ်တိုးတိုးထွက်လာခဲ့သည်။

အိမ်တော်တွင် မည်သူမျှမရှိသည်ကို သတိရသွားသည့်ရှောင်းကျန့်က ရိပေါ်အား ခွထားရာမှ ထရပ်လိုက်၏။

"အဟမ်း!  ကိုယ်သွားကြည့်လိုက်မယ်...
အဲ့အတိုင်းထိုင်နေ"

ရိပေါ်ထံမှ သဘောတူသည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်မှ တံခါးဆီ လျှောက်သွားသည့်ရှောင်းကျန့်။

ကျန်နေခဲ့သည်ရိပေါ်ဟာ ဆိုဖာပေါ် သေသေချာချာပြန်ပြင်ထိုင်ကာ ဖျော်ရည်သောက်နေလိုက်သည်။

တံခါးပြန်ပွင့်လာပြီး ကတ္ထူပြားအုပ်ထားသည့် လေးထောင့်ပုံစံရှိ ကြီးမားသော အပြားတစ်ခုကို ရှောင်းကျန့်က အသာအယာ မ,လာခဲ့သည်။

"ကော..အဲ့တာကဘာလဲ ဘာလဲ"

ဆိုဖာဘေးသို့ ထိုကြီးမားသောအပြားအား ဒေါင်လိုက်အနေဖြင့် ရှောင်းကျန့်က ဂရုတစိုက် အောက်ချလိုက်သည်။

စူးစမ်းလိုစိတ်အပြည့်နှင့်ရိပေါ်တစ်ယောက် ထိုင်မနေနိုင်တော့ပဲ ရှောင်းကျန့်အနားသွားကာ ထိုအရာ၀တ္ထုကို လှည့်ပတ်ကြည့်တော့၏။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now