Part -17

1.1K 72 5
                                    

>Unicode<

"ဒါဆိုရင် ရန်ဖြစ်တဲ့အသံမဟုတ်ပဲ သံပုရာရည်ဖျော်ရင်း ပန်းကန်ကျကွဲတဲ့အသံပေါ့"

အစ/အလယ်/ အဆုံး ရှင်းပြလိုက်ရသည့်ရှောင်းကျန့်က ခေါင်းအသာငြိမ့်ပြမှ ရိပေါ်အပါအ၀င် နားထောင်နေသည့် သုံးယောက်လည်း ခေါင်းတငြိမ့်ငြိမ်ဖြင့်။

ပြီး ရိပေါ်က ရှောင်းကျန့်လက်ကို ဇွတ်ခနဲဆွဲယူကာ ထိခိုက်ဒဏ်ရာရှိမရှိ စစ်ဆေးနေသေးသည်။

ကြယ်ပြန့်သော လက်ဖ၀ါးဖြူဖြူထက် ခြစ်ရာသေးသေးလေးမှာ ခြောက်သွေ့နေသည့် သွေးတစ်ချို့ ရှိနေခဲ့သည်။

"ကျွန်တော် ကောကို ဖျော်ရည်မဖျော်ခိုင်းလိုက်သင့်ဘူး လက်ရှသွားပြီ"

သူ့ကိုယ်သူ နာမ်စားပြောင်းသုံးကာစိတ်မကောင်းသလို ရှောင်းကျန့်လက်အား ကြည့်နေသည့် ရိပေါ်က လူကြီးလေးကျလို့။

သူ၏ လက်များက ရိပေါ်လက်နှစ်ဖက်ပေါ်  ဖြေးညင်းစွာဖိအုပ်ထားရင်း

"ကိုယ်ဘာမှမဖြစ်ပါဘူး
ကြွေပန်းကန်တစ်ချို့ ကွဲသွားရုံပဲ"

ရှောင်းကျန့်မျက်၀န်းတို့မှ ပျော်ရွှင်မှုကို မဖုံးနိုင်တော့ပဲ ပါးချိုင့်နက်နက်များပေါ်သည်အထိပြုံးလိုက်၏။

သူ့အတွက် စိတ်ပူပေးနေသည့် ကောင်လေးကြောင့် ရှောင်းကျန့် ရင်ထဲ နွေးထွေးသွားကာ ခေါင်းလုံးလုံးလေးအား အကြင်နာအပြည့်ဖြင့်ခပ်ဖွဖွ ပွတ်သပ်ပေးနေမိသည်။

"ကိုယ်တစ်ခုခုဖြစ်သွားမှာ စိတ်ပူတယ်ပေါ့"

ခေါင်းငြိမ့်ပြတော့ ရှောင်းကျန့်က သူ့ရင်ခွင်ထဲထည့်ကာ တင်းတင်းကြပ်ကြပ်ဖက်ထားပြန်၏။

လက်မောင်းက ဒဏ်ရာသာမြင်ရင် ရိပေါ်လေးဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားမလဲ။
ပြီးတော့ ခပ်အုပ်အုပ်ဆံပင်နက်များရှိနေသည့် နှဖူးလေးကိုလဲ ငြင်သာစွာ နမ်းလိုက်သေးသည်။

Wait!!! ငါလေးတို့ ရှေ့မှာရှိနေသေးတယ်လေ!!!!

ဆဲဆားငဲ....ငါသွေးတက်!!!

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now