Part-3

1.9K 134 12
                                    

>Unicode Pro<

၀မ်ရိပေါ်တစ်ယောက် မိမိအနီးသို့ လျှောက်လာသူအား မတုန်မလှုပ် ကြည့်နေမိသည်။

ကောမှကောအစစ်ပါ။

မျက်ခုံးမွှေးထူထူကြီးတွေရယ်၊

မိနစ် အနည်းငယ်မျှတောင် စိုက်မကြည့်ရဲလောက်အောင် စူးရှသည့် မျက်၀န်းတစ်စုံရယ်၊

ကြည့်ကောင်းပြီး လှပသည့် နှာတံစင်းစင်းရယ်၊

ပိရိသေသပ်ကာ အမြဲတစေ တင်းတင်းစေ့ထားတတ်သည့် နီစွေးစွေးနှုတ်ခမ်းတစ်စုံရယ်၊

တစ်နေ့မှ မေ့မရခဲ့သည့် အဲ့ဒီနှုတ်ခမ်းဘယ်ဘက်အောက်က မှဲ့နက်ကလေးရယ်၊

အရင်တစ်ချိန်တုန်းကထက် ပိုရှည်လာသည့်အရပ်အမောင်းရယ်။

ကော၏ မျက်နှာတွင်လည်း အန္တရာယ်အငွေ့အသက်တို့ပြည့်နေသည်။

ရိပေါ်ခေါင်းပေါ်တွင် ကော်ရှင်မတ်လေးများ ၀ိုင်းနေ၏။
*Wait နေစမ်းပါအုံး!
ကောက ဒီကိုဘာလာလုပ်တာတုန်း။
ပြီးတော့ ဇနီးလောင်းဆိုတာကရော ဘယ်သူလဲ။
ဒီလူတွေထဲမှာ မိန်းခလေးဆိုလို့
အန်ကယ်လေးမိန်းမ ခိုခို့ဟွား(ဒေါ်လေး)တစ်ယောက်တည်းရှိတာပါ။*

အနားသို့ ရှောင်းကျန့် ရောက်လာသည့်တိုင်အောင် စိတ်ကူးယဥ်ကမ္ဘာထဲမှ မထွက်နိုင်သေးဘဲ ပါးစပ်အဟောင်းသားဖြစ်နေသည့် ၀မ်ရိပေါ်။

ရှောင်းကျန့်က သူ့အား တစ်ခါမျှမမြင်ဖူးသည့် သူစိမ်းတစ်ဦးနှယ် မှင်သက်စွာ မော့ကြည့်နေသော ရိပေါ်မျက်နှာထံသို့ ခေါင်းအားငုံ့ကာ မျက်နှာချင်း နီးကပ်စေလိုက်သည်။

"အဲ...အဟမ်း"

ရိပေါ် လက်ဖြင့် ပါးစပ်အားကွယ်၍ ချောင်းဆိုးကာ အကြည့်လွှဲလိုက်၏။

ယခုအချိန်ထိ ကော၏ အကြည့်စူးစူးတို့အား ရင်ဆိုင်နိုင်စွမ်းမရှိသေးပါ။

"သူ့ကို လက်ထိပ်ဖြုတ်ပေးလိုက်!
အခုချက်ချင်းနော်"

ရှောင်းကျန့်က ပါးဖောင်းဖောင်းလေးနှင့်ရိပေါ်အား တစ်၀ကြီးကြည့်ကာ လက်ညိုးထိုးပြီး ရဲသားတစ်ယောက်အား ပြောလိုက်၏။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now