Part -10

1.3K 85 2
                                    

>Unicode Pro<

သေးငယ်သော ကိတ်ဆိုင်လေး၏ ထောင့်စွန်းပြတင်းပေါက်ဘက်တွင် ကောင်လေးနှစ်ယောက် မျက်နှာချင်းဆိုင်၍ ထိုင်နေကြသည်။

"ဖြေးဖြေးစား..."

ရှောင်းကျန့်က ရိပေါ်ရှေ့ ရေခွက်ထိုးပေးတော့ မကြည့်တစ်ချက်သာပေးပြီး ခေါင်းပြန်ငုံ့သွားသည်။

နူးညံ့သည့် ချောကလက်ကိတ်မုန့်ကို အသဲအသန် ပါးစပ်ထဲ ထိုးသွတ်နေသူအား သူ၏မျက်နှာချင်းဆိုင် ထိုင်ခုံမှလူက မျက်တောင်တစ်ချက်မခက်ပဲ ကြည့်နေ၏။

အဲ့ဒီ ဖောင်းနေတဲ့ပါးလေးတွေ.....
အရည်ရွှမ်းနေတဲ့ နှုတ်ခမ်းတစ်စုံ....
စိတ်ရှိလက်ရှိ လုပ်ပစ်လိုက်ရင် ၀မ်ရိပေါ်ထိုင်ငိုလိမ့်မယ်။

"ကော...စေ့စပ်ပွဲက စောလွန်းတယ်
သားတောင် ဘာမှမပြင်ဆင်ရသေးဘူး
သူငယ်ချင်းတွေကိုလဲ မပြောရသေးဘူး"

"အဲ့သုံးယောက်ကို ကိုယ်​စေ့စပ်ပွဲလာဖို့ ဖိတ်ထားတယ်"

"ဟင်! ဘယ်တုန်းက....
သူတို့ကို ဘယ်လိုသိလဲ"

ရှောင်းကျန့်က စားပွဲပေါ် လက်ထောက်ကာ မုန့်စားနေသော ရိပေါ်အား စူးစိုက်ကြည့်ကာ

"ဒီမှါ ၀မ်!
မင်းသူငယ်ချင်းတွေတင်မကဘူး မင်းနဲ့စကားတစ်ခွန်းပဲပြောဖူးတဲ့လူတွေကိုပါ ကိုယ်စုံစမ်းထားတယ်

မင်းတစ်​နေ့ ခြေဘယ်နှစ်လှမ်းလှမ်းတာကအစ အကုန်သိတယ်"

ရိပေါ်က ခေါင်းငုံ့လိုက်ပြီး ကိတ်မုန့်တုံးအားခက်ရင်းဖြင့် ထိုးဆွနေခဲ့သည်။
ပြီးတော့ မျက်၀န်းတွေမှာ ကျေနပ်ခြင်းအရိပ်အယောင်များ ဖြစ်ပေါ်လာကာ ခေါင်းငုံ့ရင်း ပြုံးနေသည်မှာ ဖုံးမရ၊ဖိမရ။

ရိပေါ်ကို စိုက်ကြည့်နေသော ရှောင်းကျန့်ကလဲ ပါးခြိုင့်နက်နက်များပေါ်သည်အထိ ပြုံးနေခဲ့သည်။

'ချလပ်! ချလပ်!'

ကိတ်ဆိုင် အပြင်ဘက် ကားလမ်းဘေးတွင်ရပ်ထားသောကားထဲမှ တစ်စုံတစ်ယောက်ဟာ သူတို့နှစ်ယောက်ပြုံးနေသော ပုံများအား အမိအရ ရိုက်ယူသွားခဲ့တာသည်ကိုတော့ ဘယ်သူမှ မမြင်လိုက်ကြပါ။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now