Part-8

1.5K 96 9
                                    

>Unicode Pro<

၀မ်ရိပေါ်အိပ်ပျော်နေတုန်းမှာ ရှောင်းကျန့်က အနာတွင်တစ်ချိန်လုံးထိုင်စောင့်နေခဲ့သည်။
မျက်လုံးနှစ်လုံးကလဲ အိပ်နေသူ၏ မျက်နှာ၌သာ အလည်သွားနေ၏။
ကြည့်ရတာ  သူ့အလစ်မှာ နောက်တစ်ကြိမ် ခိုးထွက်ပြေးမည်စိုး၍ထင်ပါရဲ့။

'Ring Ring'

"ပြော!"

"သားရီး  မနက်က Meetingဖျက်ပြီးအိမ်ပြန်ပြေးရတာ Wang Groupက ဖြူလုံးလေးကြောင့်မလား
မင်းသူ့ကိုအသုံးမလိုတော့ရင် ငါ့ပေး..!"

"ရွှယ်ရန်! မင်းစကားကို ပြန်ပြင်ပြောလိုက်စမ်း"

တစ်ဖက်မှ မိမိသူငယ်ချင်းက စနှောက်၍ ပြောနေမှန်းသိသော်ငြား ရှောင်းကျန့်၏ ထူထဲလှသော  မျက်ခုံးတန်းကြီး အလိုလိုကျုံ့၀င်သွား၏။

"ကျန့်လေးကလဲကွာ တမင်နှောက်လိုက်တာပါ"

"မင်းရဲ့ မိသားစုပိုင်ကုမ္ပဏီလေး မနက်ဖြန် ဒေ၀ါလီခံရပြီး သတင်းစာခေါင်းစည်းပိုင်း ရောက်ချင်နေပြီနဲ့တူတယ်"

"အဲ့တာလေးတော့ ချမ်းသာပေးပါမောင်မင်းကြီးသားရယ်
မင်းကလဲ စိတ်ချည်းပဲ"

"စကားကို တိုးတိုးပြောစမ်း
သူအိပ်နေတယ်"

"ဟ! ဟုတ်လား
အဲ့ကောင်လေးနဲ့ပက်သက်ရင်
မင်းက ဆက်ဆက်ထိမခံပဲနော်
လက်ထပ်ပြီးရင် မင်းလိုရေခဲတုံးနဲ့ သူဘယ်လိုကြာကြာပေါင်းနိုင်မလဲမသိ
အော်...ငါမေ့နေတာ!
အဲ့ကောင်လေး ပထမနှစ်ကတည်းက မင်းကို crushနေတာဆိုတော့လဲ...!"

"ဖုန်းဆက်ခေါ်တာ ဒီအကြောင်းပြောဖို့ဆို လစ်တော့"

"ခဏ ခဏလေး ပြောစရာရှိသေးတယ်"

"မြန်မြန်ပြော!"

"မနက်ဖြန် မင်းဘယ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်စရာရှိလဲ"

"ကုမ္ပဏီ၃ခု ယွမ်၊ ပိုင် ၊ ရှောင်"

"ရှောင်ကုမ္ပဏီနဲ့စာချုပ်ကိစ္စ ဖျက်လိုက်တော့
ရွှယ်ကုမ္ပဏီဆီလွှဲပေး"

"လက်စသတ်တော့ မင်းက ရှောင်Ceoကို ကြိတ်ကြွေနေတာကိုး"

"မျက်နှာပူပူနဲ့ပဲ၀န်ခံရတော့မယ်
ဟုတ်တယ် ငါသူ့ကိုလိုက်နေတာ လွန်ခဲ့တဲ့နှစ်ပတ်လောက်တည်းက"

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now