Part-9

1.4K 94 8
                                    

>Unicode Pro<

ကားပေါ်တွင် Luggageအိတ်ကြီးပိုက်ကာ ထိုင်နေသည့်၀မ်ရိပေါ်၏ မျက်နှာက ဆူပုတ်စွာ။

အန်ကယ်လေးတို့က ရိပေါ်ကို ရှောင်းအိမ်တော်မှာ တော်တော်နေစေချင်ပုံရသည်။
ရိပေါ်ရဲ့ အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို Luggageအိတ်ထဲထည့်ပီး အတင်းကို နှင်လွတ်နေရော။

"အိတ်ကိုကားနောက်ခန်းကို ချထားလိုက်ပါ ၀မ်ရဲ့"

ကားမောင်းနေစဥ် လူလောက်ရှိသည့် Luggageအိတ်ကြီးအား လက်ထဲ မနိုင်မနင်းပိုက်ထားသူကို လှည့်ကြည့်၍ သွားဗြဲပြကာပြောတော့ ရိပေါ်က ဘုဆတ်ဆတ်ပြန်ကြည့်ကာ

"မချဘူး!"

"၀မ့်သဘောပဲ...
ပြီးမှ လေးတယ်လေးဘာလေးမပြောနဲ့နော်
လုံး၀ကားရပ်မပေး....!"

'ဘုတ်'

ဒေါသတကြီး ပစ်ချလိုက်တာကြောင့် အနက်ရောင်Luggageအိတ်ဟာ ကားနောက်ခန်းထဲသို့ အရှိန်နှင့် ပြုတ်ကျသွားခဲ့သည်။

"ဟွန့်!"

ရိပေါ်က  မျက်စောင်းလှမ်းထိုးပြီး ရှောင်းကျန့်အား မကြည့်ချင်သည့်ပုံစံဖြင့် ကားမှန်အပြင်ဘက်ကိုသာ မျက်နှာမူနေ၏။

"စိတ်မဆိုးနဲ့တော့ကွာ"

"မဆိုးဘူး!"

"စိတ်မဆိုးရင် ဘာလို့ဒီဘက်လှည့်မပြောတာလဲ"

"မပြောချင်လို့"

"နှုတ်ခမ်းကြီးက ဆူထွက်နေလိုက်တာ...
ပြေးနမ်းချင်စရာ..!"

"ကျော့်လက်သီးက ပါးမရွေးဘူးနော်ဘိုးတော်
အရှေ့တည့်တည့်ကြည့်ပြီး ​ကားအေးဆေးမောင်းစမ်း"

"ဟုတ်ကဲ့ခင်ဗျ
သခင်လေးရဲ့ အမိန့်တော်အတိုင်းပါ"

ရှောင်းကျန့်၏ ရွှတ်နှောက်နှောက်အပြောကြောင့် ရိပေါ်မျက်နှာက ပြုံးစိစိ။

ထိုကောင်လေး စိတ်ဆိုးပြေသွားမှန်းအတည်ပြုပြီးမှ
ရှောင်းကျန့်မှာ လေပူများမှုတ်ထုတ်ကာ ကားမောင်းသည့်ဘက်သို့ အာရုံပြန်စိုက်ရသည်။

မိနစ်အနည်းငယ်ခန့်အကြာတွင် ရိပေါ်က သူ့အား သံသဃ မျက်၀န်းတစ်စုံဖြင့်ကြည့်ကာ

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now