Part-13

1.2K 73 6
                                    

>Unicode Pro<

၀မ်အိမ်တော်ရှေ့ ကားရပ်သံကြားလိုက်ရတာမို့ ရိပေါ်ခြေထောက်များက သခင်ခေါ်ရာအတိုင်း အိမ်ရှေ့သို့ ပြေးထွက်လာခဲ့သည်။

"အဟီး...ကျန့်ကော!!"

လက်မှနာရီအား ငုံ့ကြည့်ပြီး ကားပေါမှဆင်းလာသည့်ရှောင်းကျန့်က ရင်ခွင်ထဲ ခြေစုံပစ်ကာ ၀င်လာသူကို ဘုမသိဘမသိ ပြနဖက်ထားလိုက်ရသည်။

သူ့ချစ်ရသူလေး ငိုနေမှန်းသိလိုက်ရမို့ ရှောင်းကျန့်မျက်ခုံးမွှေးထူထူကြီးဟာ အလည်သို့ ကျုံ့၀င်သွား၏။
အနားသို့ရောက်လာသော အစ်မ၀မ်းကွဲဖြစ်သူ
ရှောင်းရှန်းအား မျက်လုံးအကြည့်တို့ဖြစ့်မေးလိုက်တော့ သူမက ပုခုံးတွန့်ပြကာ ရိပေါ်ထံ မေငေါ့ပြသည်။

"၀မ်.."

"ကျန့်ကော!!"

ရိပေါ်မျက်နှာရှိ မျက်ရည်စများအား ခပ်ဖွဖွသုတ်ပေးကာ

"ဒီနေ့က ကောတို့စေ့စပ်ပွဲနေ့လေ ခလေးရဲ့ ဘာလို့ငိုနေရတာလဲ....ဟင်"

ရိပေါ်က ဘာစကားမှမပြော၊ မျက်ရည်များသာ သုတ်၍ မကုန်နိုင်အောင် အဖြိုင်ဖြိုင် ကျဆင်းနေခဲ့သည်။

"သေနေပြီမှတ်တာ သောက်အဘိုးကြီး ဖုန်းဆက်တာဘာလို့မကိုင်တာလဲ!!!
စိတ်ပူလွန်းလို့ ခင်ဗျားမသေပဲ သားအရင်သေလိမ့်မယ် သိရဲ့လား!"

ဟ!!
အသံခပ်စူးစူးဖြင့် အော်ငေါက်နေသောရိပေါ်ကိုကြည့်ကာ  သူ့ကို စိတ်ပူပေးတယ်? ဆိုတဲ့အသိနှင့် ရှောင်းကျန့်က ပြုံးနေ၏။

"ကိုယ် အိမ်မှာဖုန်းမေ့ကျန်ခဲ့တာလေ၀မ်
အား.....နာတယ်ဗျ"

လူမြင်ကွင်းတွင် ရှောင်းကျန့်အား နှာရွက်လိမ်ဆွဲလိုက်သည့် ရိပေါ်ကြောင့် ၀မ်စစ်ရန်က မျက်လုံးပြူး၍ အနားသို့ရောက်လာသည်။

"သားရိပေါ်၊ Mr.Xiaoကို ဘယ်လိုတွေပြုမူနေတာလဲ "

"အခုမှလာပြောမနေနဲ့အန်ကယ်စစ်
သားသူ့ကို အမြဲလိမ်ဆွဲနေကျ ဟွန့်!"

၀မ်စစ်ရန်နှင့် ၀မ်ကျန်းရှင်းတို့က ရှောင်းကျန့်ကို အားနာသလိုကြည့်နေကြသည်။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now