>Unicode pro<
"သားရိပေါ် ခုထိမထသေးဘူးလား....
အဟမ်း သခင်လေးဝမ်ရိပေါ်ဗျ
တရုတ်စံတော်ချိန် နံနက်၈နာရီနဲ့ ၁၀မိနစ်ရှိပါပြီ""ဗျာ! သွားပါပြီ!"
"ဘယ်သူမှမသွားသေးဘူး
ထထ ရေအကြာကြီးချိုးမနေနဲ့အုံး
ခေါင်းမလျှော်နဲ့နော် သား""ဟုတ်ကဲ့ဟုတ်ကဲ့"
"ပြောထားတယ်နော် ရေချိုးမှားပြီးဖျားရင်တော့ ဆေးထိုးအပ်ကြီးကြီးနဲ့ ထိုးတတ်တဲ့ဆရာဝန်ခေါ်လိုက်မှာ"
....
"ဉီးငယ်အောက်ထပ်မှာစောင့်နေမယ်သား"
ရေချိုးခန်းထဲ ပြေးဝင်သွားသည့်ရိပေါ်အား
'ပိုင်လင်း' က နေ့စဉ် မှာနေကျစကားများကို မှာကြား၏။ဉီးငယ်ပိုင်းလင်းဟာ ရိပေါ် တက္ကသိုလ်စတက်ကတည်းက ရိပေါ်အား အချိန်မှန်မှန် ခေါ်နိုးတတ်သော နိုးစက်ကလေးတစ်ခု ဖြစ်ခဲ့သည်။
ရိပေါ်အား အမြဲတမ်းကျောင်းအပို့အကြိုလုပ်နေသည့် ကားdriverတစ်ဉီးလည်း ဖြစ်ပါသေးသည်။အမြဲ ဖော်ရွေပြီး ပြုံးနေတတ်သည့် ကောင်လေးရိပေါ် ကအခုဆိုရင် တက္ကသိုလ် တတိယနှစ်ပင်ရောက်နေလေပြီ။
သို့ပေမဲ့ ငယ်ငယ်တည်းက စကားများတတ်သည့် အကျင့်လေးကတော့ အခုထိမပျောက်သေးပေ။
>>>>>>💓
"အန်ကယ်စစ်၊အန်ကယ်လေးနဲ့ခို့ခို့ဟွား
သားကျောင်းသွားတော့မယ်"၀မ်ရိပေါ် ထုံးစံအတိုင်း အိမ်သားတစ်ဉီးချင်းစီအား လိုက်လံနှုတ်ဆက်နေ၏။
"မုန့်ဖိုးယူအုံးမလား သားသား"
"မယူတော့ဘူးဗျ "
ဟွားလီအန်းက ပန်းဆိုင်ငယ်လေးဖွင့်ထားတာမို့ ၊၀ယ်သူနှင့် အော်ဒါမျါးများရလျှင် ရိပေါ်အား မုန့်ဖိုးပေးနေကျထက် ပို၍ ပေးတတ်သည်။
အန်ကယ်လေး၊အန်ကယ်စစ်နဲ့ ဉီးငယ်လဲ မထူးပါ။
တစ်ယောက်က မုန့်ဖိုးပိုပေးလျှင် နောက်တစ်ယောက်ကလဲ ပိုပေးလိုက်ရမှ။ရိပေါ်က ဘာမှအသုံးမလိုတာမို့ ထိုမုန့်ဖိုးများအား ကိုယ်ပိုင် ဘဏ်ကဒ်ထဲသို့ထည့်ထားတတ်သည်။
YOU ARE READING
✨THE ONLY ONE FROM THE HEART🌷(Completed)
Fanfiction🔅ZSWWSZD❕ ❤️Zhanyi Fanfiction💚 ဦးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~ ဉီးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~