Part-21

1K 67 0
                                    

>Unicode<

နောက်ဆုံးတော့ ရိပေါ်လေး ရှောင်းကျန့်ရဲ့ ခြိမ်းခြောက်မှုကြောင့် လက်ဖဝါးထဲရှိ ဆေးလုံးငါးလုံးခန့်အား ပါးစပ်ထဲ ပစ်ထည့်ကာ ရေဖြင့်မျှောချလိုက်ရသည်။

ရှောင်းရှန်းကတော့ ရိပေါ်စားချင်သည့် ကြက်ကြော်သွား၀ယ်နေတာမို့ ရိပေါ်အား ကျောခိုင်းကာ MacBookတစ်လုံးဖြင့်အလုပ်ရှုပ်နေသည့် ရှောင်းကျန့်နှင့် ကုတင်ပေါ်တွင် အသံတိတ်ဂိမ်းဆော့နေသည့် ရိပေါ်တို့ကြောင့် အခန်းတစ်ခန်းလုံးက တိတ်ဆိတ်နေ၏။

"ကျန့်ကော...."

"အင်း...."

"ဘာအင်းလဲ! လူနာကို အဖော်မလုပ်ပေးဘဲ အဲ့အလုပ်ပဲလုပ်နေလိုက်"

"အင်း...ပြီးတော့မယ် ခနလေးစောင့်"

"ဟွန့်!"

ကျောခိုင်းနေသည့်ရှောင်းကျန့်က ရိပေါ်ရဲ့ ဟွန့်ခနဲ နှာမှုတ်သံ​ကြောင့် ငွေစာရင်းလုပ်နေရင်းမှ ပြုံး၏။
သေချာသည်၊ ရိပေါ်လေးက နှာမှုတ်ရုံတင်မဟုတ်၊ သူ့ကို မျက်စောင်းခနခနထိုးနေမှာ....။

"ပြီးပြီ!"

ကုတင်ပေါ် ဘေးတစ်စောင်းထိုင်လိုက်သည်အထိ စောင်ခေါင်းမြီးခြုံနေသည့်ရိပေါ်ဆီမှ အသံထွက်မလာ။

"၀မ်လေး....ခလေးလေး...ပုစိလေးရေ
အိပ်သွားပြီလား ဒါမှမဟုတ် အိပ်ချင်ယောင်ဆောင်နေတာလား....
တကယ်အိပ်ပျော်သွားပြီပေါ့
တကယ်အိပ် မအိပ်သိရအောင် နမ်းကြည့်အုံးမှ..."

ရှောင်းကျန့်က အသံကျယ်ကျယ်ဖြင့် တစ်ခန်းလုံးကြားအောင်​ပြောပြီး စောင်အား ဆွဲယူကာ ကုတင်ခြေရင်းသို့ပစ်ချလိုက်လျှင်

"တကယ်မအိပ်သေးဘူး မနမ်းကြည့်နဲ့"

ဘယ်ဘက်မျက်လုံးလေးတစ်လုံးသာဖွင့်ပြီး ပြောလာတဲ့ခလေးလေးအား ရှောင်းကျန့်မှာ အသဲယားလွန်းလို့ ဖျစ်ညစ်ချင်စိတ်ပင်ပေါက်သွားတော့သည်။

စတော်ဘယ်ရီရောင်သမ်းနေသည့်နှုတ်ခမ်းတစ်စုံက အနည်းငယ်ဖြူဖျော့နေတာတောင် မျက်နှာမလွဲချင်လောက်အောင် ဆွဲဆောင်လွန်းနေ၏။
စိတ်ရှိလက်ရှိ ဆွဲနမ်းပစ်လိုက်လျှင် ခလေးလေးနှုတ်ခမ်းတွေ ဖူးယောင်ကုန်လိမ့်မယ်...။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now