Part-14

1.2K 77 7
                                    

>Unicode Pro<

စေ့စပ်ပွဲပြီးဆုံးသွားတော့ ၀မ်ရိပေါ်တစ်ယောက် သူငယ်ချင်းတွေနဲ့ စကား​အတူပြော ၀ိုင်သောက်ပြီး သူ့အခန်းသူပြန်ကာ အိပ်နေခဲ့သည်။

ရှောင်းကျန့်မှာ ခုမှပူပူနွေးနွေးစေ့စပ်ထားသည့်လင်လေး ပျောက်သွားတော့ ၀ုန်းဒိုင်းကျဲကာ လိုက်ရှာလိုက်ရပြီး နောက်ဆုံးမှ အိပ်ပျော်နေသောရိပေါ်ကို တွေ့၏။

ကုတင်ပေါ် ကန့်လန့်ဖြတ်ကာအိပ်နေသော ရိပေါ်၏ ကိုယ်လေးအား ပွေ့ချီကာ နေရာရွေ့ပေးပြီး စောင်ခြုံသိပ်လိုက်ရသည်။

_____

"ရှောင်းကျန့်ရေ ကျဲ ရှောင်းအိမ်တော်ကို ပြန်တော့မယ် မင်းက ရိပေါ်လေးနဲ့ကျန်ခဲ့
လာနှုတ်ဆက်တာ"

"တစ်ယောက်တည်းဆိုတော့ဖြစ်ပါ့မလားကျဲရှန်း"

"၀မ်အိမ်တော်မှာလဲ အခန်းလွတ်တွေအများကြီးရှိတာပဲ
ဒီမှါတင် တတစ်ညနေလိုက်ပါလား"

အားလုံးက ၀ိုင်းနားချကြတာမို့ ရှောင်းရှန်း ၀မ်အိမ်တော်မှာပင် အိပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ပိီးတော့ သူမအကြံအောင်မြင်သွားတာမို့ ကြိတ်ကာပျော်နေ၏။

ဆေးလုံးဘူးလေးနှင့် အဖြူရောင်အမှုန့်အထုပ်လေးအား လက်တစ်ဖက်ဆီ၌ ကိုင်၍ လှုပ်ကာ

*ရှောင်းကျန့်ရေ နင်တော့ ဒီည ညစာငတ်ပြီ ၀ါးဟားဟား
မင်္ဂလာဦးညကျရင်တော့ ဒီနေ့အတွက်ပါအတိုးချပြီးတစ်ညလုံးမနားရအောင်လုပ်ပေးမယ်*

______

ရိပေါ်၏ ဦးလေးတွေကိုနှုတ်ဆက်ပြီး ရှောင်းကျန့်က လက်မောင်းတစ်ဖက်အား ဖိကိုင်ကာ အပေါ်ထပ် အခန်းထဲသို့ ပြန်တက်လာခဲ့သည်။

"Hello...Gary!"

"အင်း အဲ့ဒီနေရာမှာပဲချုပ်ထားလိုက်
ထွက်မပြေးစေနဲ့ "

"စိတ်ချမယ်နော်!"

တီ!

"ငါပိုင်တဲ့အရာကိုလာထိဖို့ကြိုးစားရင် တန်ရာတန်ကြေးထက် နှစ်ဆပြန်ပေးဆပ်ရမယ်
အဲ့ဒီလူက ငါ့ရဲ့မိသားစုထဲက လူဖြစ်နေရင်တောင်မှပေါ့...အဟက်!"

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now